စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, April 9, 2014

အသဲကွဲ ညသရဲ

အင်း… အခုတစ်လောက ကျွန်တော်ဘ၀မှာ တော်တော်လေး အမှတ်ရစရာတွေ ဖြစ်တယ်ဗျ။ အဟုတ်ရယ်။ အခုလမှာပေါ့နော်။
ဝမ်းနည်းခြင်းတွေရော၊ ပျော်ရွှင်ခြင်းတွေရော၊ ရီမောစရာလေးတွေရော တစ်စုတစ်စည်းတဲ့ ဝင်ရောက်ခဲ့ တဲ့ လ ဆို မမှားပါဘူး။ ဘာဖြစ်လို့ အဲဒီလို ပြောရလဲဆိုရင်ဖြင့် ဖြစ်ပုံက ဒီလိုပါ… :D ။
အခုတစ်လောဗျာ။ လူက မနက်မိုးလင်းတာနဲ့ အာခီဒို ပြေး။ ပြီးရင် ပြန်လာ…. ကွန်ပြူတာရှေ့ ထိုင်။ ညနေဆို အာခီဒို ပြန်ပြေးနဲ့ ဆိုတော့ 
ညပိုင်း ပြန်လာရင် လူက တော်တော်လေး ပင်ပန်းနေပြီ။ တစ်ခါတစ်လေဆို လမ်းတောင်မလျှောက်ချင်ဘူး။ မနက်ပိုင်း သင်တန်းမှာက အဖြူတွေပဲ ရှိတယ်။ အ၀ါဆိုလို့ အနော်ပဲ ရှိတာ။ အဲဒီတော့  ဆရာက အစမ်းပြချင်လည်း အနော်ပဲ ကိုင်ပေါက်တယ်။ အဖြူတွေက လက်တည့် စမ်းချင်လည်း အနော်ကိုပဲ စမ်းတာ။ ဓါးမှန်သမျှ လာလာသွေးတဲ့ ဓါးသွေးကျောက်ကို ဖြစ်ရော။ ညနေပိုင်းဆိုလည်း ဘာမှ ထူးတာမဟုတ်ဘူး။ ဒီလိုပဲ သူကိုင်ပေါက်၊ ကိုယ်ကိုင်ပေါက်နဲ့ ။ ပြန်လာပြီဆို တစ်ကိုယ်လုံးက နာကျင်နေတာပဲ။ ဘယ်လောက်ပဲ ကိုယ်ခန္ဓာ နာကျင်နေပါစေဗျာ။ လူက ခံနိုင်ပါတယ်။ နှလုံးသား နာကျင်ရင်တော့ မခံနိုင်ဘူးဗျ။ အဟုတ်ရယ်။ ဘုန်းဘုန်းကို လဲရော :P ( ဘာမှလည်း ချိုင်ဝူး ဟီး :D ) ။
ဒီလိုနဲ့ တစ်နေ့ ပေါ့ဗျာ။ အနော် အာခီဒိုကနေ ပင်ပန်းပြီး ပြန်လာတဲ့ အချိန် နှလုံးသားနာကျင်မဲ့ ကိစ္စလေးတစ်ခုဖြစ်တယ်ဗျ။ အနော်ပိုးနေတဲ့ ကောင်မလေးက အနော်ကို မချစ်နိုင်ဝူး ဆိုပြီး ငြင်းလိုက်လို့ ပါ။ အဲဒါကြောင့် ရင်ထဲမှာ သိပ်မကောင်းဝူး ဖြစ်နေတယ်လေ။ နင်နေတယ်။ ဘာနင်လို့  နင်မှန်းမတိဝူး။ ဆို့ ဆို့ တတ်လာတာ။ ရေသောက်လည်း ပျောက်ဝူးရယ် အဟုတ် :D ။
အဲဒီတော့ အိမ်ရောက်ကတည်းက မျက်နှာက မကောင်းဘူးဗျ။ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်ချင်တယ်ဆိုရင် မျက်နှာကြည့် ၇တယ်လေ။ ဟုတ်တယ်မလား။ အဲဒီတော့ အနော်စိတ်က ညစ်နေတာဆိုတော့ မျက်နှာကလည်း သိပ်မသာယာဖူးပေါ့ဗျာ။ အိမ်ကို ကျွန်တော်ရောက်တော့ အမတွေ၊ အမေတွေက ရုပ်ရှင်ကြည့် နေတာဆိုတော့  ကျွန်တော်ကို သတိမထားမိဖူး။ ကျွန်တော်က ကိုယ်ဘာသာ ကိုယ် ထမင်းတွေဘာတွေ ခူးခပ်စားပြီး။ ကွန်ပြူတာရှေ့ သွားထိုင်နေတာ။ ဒါပေ့ မယ် ပြသနာလေးတစ်ခုက တတ်လာတယ်။ အဲဒါဘာလဲဆိုတော့ အိမ်ဖေါ်အမကြီးတွေပါ။ သူတို့ ကို ကျွန်တော်က အရင်က စနေကြ။ ရီရီမောမောပဲ။ ဒီနေ့ မှ
ကိုယ့် မျက်နှာက ခပ်တည်တည်လေး ဖြစ်နေတော့  သူတို့ က အမေကို အာ သွားချောင်တယ်။ အဲဒါ အမတွေ၊ အမေတွေက မနေနိုင်တော့ အနော်ဆီလာပြီး ဘာဖြစ်နေတာလဲ၊ ဘာညာပေါ့ဗျာ။ အမှန်ဆိုရင် အဲဒီလို အချိန်မျိုးမှာ ကျွန်တော်က တစ်ယောက်တည်းနေချင်တာ။ ဟုတ်တယ်လေ။ ကိုယ့် ဘာသာကိုယ် အခန်းတံခါးပိတ်ပြီး အသည်းကွဲချင်ကွဲမှာပေါ့။ ဘယ်နှယ့် …
အမေတွေ၊ အမတွေ ဘေးမှာထားပြီး အသည်းကွဲရမယ်ဆိုတော့ …သိပ်တော့ မဟုတ်သေးဘူးလေ…နော့ ။ ဒီလိုနဲ့ အမတွေလာမေးတော့  ကျွန်တော်က ပင်ပန်းလို့ ပါ၊ ဘာညာပေါ့…လျှောက်ဖေါရတယ်။ သူတို့ က သိတော့ သိတယ်။ ဘာဖြစ်မှန်းမသိတာ။ အဲဒီတော့  ခဏခဏ လာလာချောင်းတယ်။ ကျွန်တော် ကွန်ပြူတာ သုံးနေတာကိုလေ။ ကိုယ်က ကွန်ပြူတာရှေ့ ငုတ်တုတ်ထိုင်ပြီး ဆော်အကြောင်းတွေးပြီး လွှမ်းနေတယ်ဆိုပါတော့ ဗျာ။ အဲဒါကို လာလာချောင်းတော့ … ဘယ့် နှယ့် အသည်းကွဲရတာ ဖီလ်းအောက်တာပေါ့ဗျာ ဟုတ်တယ်မလား။ လူရှေ့ …သူရှေ့ ကြီး ဟာကို :D ။ လွန်တယ်။ အိမ်က တစ်ခါတစ်လေ။ နောက်ဆုံးကျတော့ 
မထူးပါဘူးဟာ ဆိုပြီး အိပ်ယာထဲ ၀င်သွားလိုက်တယ်။ သီချင်းနားထောင်နေရင်းနဲ့  လူက အိပ်ပျော်သွားတယ်ဗျာ…သိလား။
အနော် အိပ်ယာဝင်တော့  ဆယ်နာရီ လောက်ရှီမယ်ဗျ။ ဘယ်လောက်ကြာကြာအိပ်ပျော်သွားလဲမသိပါဘူး။ ကျွန်တော်ဖုန်းကို တစ်ယောက်ယောက် ခေါ်နေတဲ့ အသံကြားတော့ မှ ကျွန်တော်နိုးတယ်။ နာရီ ကြည့် တော့  12 ကျော်နေပြီ။ ဖုန်းကို ကောက်ကိုင်လိုက်တော့ …သူငယ်ချင်းတစ်ယောက်ရဲ့ အမေဗျာ။ အသံကလည်း အရမ်းအရေးကြီးတဲ့ အသံနဲ့ …
“သူ့ သား သောင်းကျန်းနေလို့ …အိမ်ကို ခဏလာပါဦး” တဲ့ ဗျာ။ ဘာဖြစ်တာလဲဆိုတော့ …
“သူလည်း မသိဘူး” တဲ့ ။
အဲဒီသောင်းကျန်းတယ်ဆိုတဲ့ သူငယ်ချင်းက တရုတ်လူမျိုးပါ။ မေမြို့ မှာကတည်းက တွဲလာတာဗျာ။ အနော်ရန်ကုန်ေ၇ာက်ပြီး နှစ်နှစ်လောက်မှာ သူတို့ ပြောင်းလာတာ။ ခင်တာက တော်တော်ခင်တယ်။ ညီအကိုတွေလိုပဲရော။ ဒီကောင်က အေးပါတယ်။ ၇န်တွေဘာတွေ ဖြစ်တာလည်း မရှိဝူး။ အဲဒီလို သောင်းကျန်းတယ်ဆိုတော့ …ဘာဖြစ်မှန်းမသိဘူးဆိုပြီး အမေကို ခွင့်တောင်းပြီး သူတို့ ဆီ ထွက်သွားလိုက်တယ်ဆိုပါတော့ ။
ဟိုရောက်တော့  မသာက သူ့ အခန်းထဲမှာ ထားပေးထားတဲ့ လက်တောပ်တွေ၊ ကွန်ပြူတာတွေ အကုန်ရိုက်ခွဲထားတယ်။ အဲဒီအပြင် သူခြင်ထောင်တိုင်တွေကိုလည်း ဓါးတွေနဲ့ ခုတ်ထားသေးတယ်။ ရိုက်လည်း ရိုက်ချိုးထားတယ်။ အနော်တောင်လန့် သွားတယ်။ သူအမေဆို နေစရာကို မရှိဝူး။ သားအတွတ် စိုးရိမ်နေတာပါ။ သူတို့ အိမ်က ညီအကို မောင်နှမများတယ်ခင်ဗျ။ သူတို့ ကလည်း လန့် နေကြတယ်လေ။ ကျွန်တော်က သူ့ အမေကို မေးတယ်။ အန်တီ ဘာဖြစ်တာလဲပေါ့နော်။ သူ အမေ ဘာပြောတယ်ထင်တုန်း။
“မသိဘူး…ဇူးရဲ့ ….သရဲတစ္တေများ ကပ်နေလားမသိပါဘူးကွယ်။ အန်တီတို့ လည်း ဘာလုပ်ရမှန်းမသိတာနဲ့ မင့် ကို ခေါ်လိုက်တာ။ မင်းညီ မင်းကြည့် ပေးပါဦး” တဲ့ လေ။
ဘယ်နှယ့် …လူက တော်တော် ပေါက်သွားတယ်။ ညကြီးမိုးချုပ်ဗျာ။ သူများ အိပ်ချိန်ကြီးကို … အလိုက်ကန်းဆိုး မသိတာ။ ပြီးတော့ သရဲကပ်တယ်ထင်ရင်လည်း ခေါ်ပေါ့ဗျာ။ တရုတ်ဘုန်းကြီး။ ငဇူးနဲ့ ဘာဆိုင်တုန်း ဟုတ်တယ်မလား။ မသိရင်ပဲ အနော်က ဗိန္ဒောဆရာလိုလို ဘာလိုလိုနဲ့ ။ ဒါပေ့ မယ်လည်း လူကြီးဆိုတော့ … သိပ်မပြောချင်တာနဲ့  ဟိုကောင် အခန်းထဲကို ၀င်သွားလိုက်တယ်။
သရဲပူးတာပဲ ဖြစ်ဖြစ်၊ ဘာဝင်ပူးတာပဲ ဖြစ်ဖြစ် အနော်ကတော့ ပျော်တာပဲ။ ဒီမှာလည်း အသည်းကွဲနေတာဆိုတော့ ဗျာ။ စိတ်ရှိလက်ရှိ တစ်ခုခုကို ကစ်ချင်နေတာ။ ၀င်တဲ့ သရဲတော့  ကံမကောင်းဘူးပဲ :D ။ အာခီဒိုလည်း စမ်းရပြီဆိုပြီး ပျော်နေတာလေ။ အခန်းထဲလည်း
ရောက်ရော ဟိုကောင်က လက်ထဲမှာ ဓါးနဲ့ ဗျ။ သိလား။ အနော်ကိုလည်း မြင်ရော။ ဓါးကို လွတ်ချလိုက်တယ်။ ပြီးတော့  ဟိုဘက်လှည့် သွားတယ်။ အဲဒီတော့ မှ အနော်လည်း ရဲရဲတင်းတင်း ကပ်သွားတာ။ ဒီကောင်ကို ဓါးနဲ့ မြင်တော့ သိပ်ကပ်ရဲတာမဟုတ်ဘူး။ မတော်လို့ ထထိုး ဘယ်လိုလုပ်မတုန်းနော့ …မာလကီးယားနေမယ်။ :D ။ အဲဒါသူ နားေ၇ာက်တော့ …ပုံမှန်လေသံနဲ့ ။ (သူတို့ အိမ်ကလူတွေနာမည်က ခမ်း တို့ ၊ အန်း တို့  တရုတ်နာမည်တွေ)
“ ဟေ့ ရောင်…ခမ်း ဘာဖြစ်နေတာလဲ” လို့ မေးလိုက်တယ်ဗျ။ သူက အစက မပြောဘူးရယ်။ အနော် အတင်းချော့ ချက်မေးတော့ မှ
“အပြင်ထွက်ချင်တယ်” တဲ့ ။
“အမေတို့ ကလည်း… ကိုဇူးကို မခေါ်ပါနဲ့ ဆိုတာကို ဘာလို့ ခေါ်လိုက်မှန်းမသိဘူး” ဆိုပြီး သူ့ အမေတွေကို ဒေါသတွေ ထွက်နေတယ်။
အဲဒါနဲ့ အနော်လည်း ဒီကောင် သရဲပူးတာလား၊ မပူးတာလည်း မသေချာတဲ့ အချိန်ကြီးမှာ အပြင်ကို ခေါ်မထုတ်ရဲ ဘူးလေ။ ပြီးတော့ သူက ဟိုဘက်ကို ခေါင်းလှည့် ပြောနေတာ။ ကျွန်တော် ဘက်ကို မျက်နှာ မမူထားတော့ … ခွဲခြားရခက်နေတယ်။ သူကလည်း အနော်ကို သူ့ ကို အပြင်ထုတ်ပေးဖို့ ချည်း ပြောတာဗျို့ ။ အဲဒါနောက်ဆုံးဖြစ်ချင်ရာ ဖြစ်ဟာ ဆိုပြီး အပြင်ကို သွားမယ်လို့ ဂတိပေးလိုက်ရတယ်။ သူအမေတွေကိုလည်း ခဏပါလို့ ။ အပြင်ခဏသွားမယ်လို့ …ပြောထားရတာပေါ့ဗျာ။ သူအမေကလည်း သူ့ သားအဆင်ပြေဖို့ ဆို ဘာလုပ်လုပ်ပါတဲ့ ။ ဒီလိုနဲ့ အပြင်ထွက်ကြတယ်ဆိုပါတော့ ။ ဒီကောင်ကလည်း ခက်တယ်ဗျာ။ အခန်းထဲက ထွက်လာလာခြင်း သူ့ ရဲ့ ကားသော့ ကို အရင်သွားယူတာ။ သူတို့ က ချမ်းသာတယ်။ အဲဒီသော့ ယူတဲ့ အချိန်မှာလည်း မျက်နှာကို သူ့ ရဲ့ အီမိုကေ ဆံပင် အရှည်နဲ့  အုပ်ထားတာဆိုတော့ သေသေချာချာ မမြင်ရဘူး။ အနော်က အဲဒါလိုက်ကြည့် နေတာ မဟုတ်လို့ သရဲပူးနေတာဆို အပြင်မှာ အနော်နဲ့ သူနဲ့ နှစ်ယောက်တည်းရယ်။ တေပီ :D ။ အဟုတ်။ နိုင်မယ်မထင်ဝူး။ အဲဒါ သူကို အရှေ့ က ထွက်ခိုင်းပြီး ခပ်ကြောက်ကြောက်နဲ့ အနောက်က လိုက်လာရတယ်။ အောက်ရောက်တော့  ဒီကောင်က ကားထဲ ၀င်တာမဟုတ်ဘူး။ ကမ်းနား ဘက်ကို ထွက်သွားတာ။
အနော်က သူနောက်က လိုက်နေတာလေ။ ဘေးခြင်းလည်း ယှဉ်မလျှောက်ရဲဘူး။ အရှေ့ ကလည်း မသွားရဲ ဘူး။ ဘ၀က ခက်တယ်နော် L ၊ ဆိုးပ။ ဒီလိုနဲ့  ကမ်းနားလမ်း ဘက်ရောက်သွားတဲ့ အချိန်မှာ လူတွေက မရှိတော့ ဘူးလေ။ ပြီးတော့ အမှောင်ရိပ်ကများတယ်ရော။
အနော်က သူကို လှမ်းပြောတယ်။ ဘယ်သွားဖို့ လဲဆိုတော့ ။ သူက ခြေဦးတည့် ရာတဲ့ ။ အသံက မာနေတယ်။ အနော် တကယ်ပဲ သူတော့ သရဲ ပူးနေပြီ ထင်လိုက်မိတယ်။ ဒီလိုနဲ့ သွားနေရင်းဗျာ။ လူတွေ ပြတ်တဲ့ နေရာလည်း ရောက်ရော ဒီကောင်က ကျွန်တော်ဘက်ကို မျက်နှာ မူလိုက်တယ်။ သိတယ်မလား။ ဆံပင်ကလည်း အီမိုတစ်ခြမ်းစောင်းဆိုတော့ … လည်ပင်းကလည်း နည်းနည်းစောင်းချင်နေသေးတယ်။ သွေးပျက်စရာဗျာ။ အနော် ကြက်သီးတွေဘာတွေတောင် ထသွားတယ်။ ခဏလောက်တော့  သတိလစ်သွားတယ် ထင်တယ်။ အနော်လေ။ အရမ်းလန့် သွားတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ အဲဒီလို ပြောလဲဆိုတော့ … သူက အနော်ဘက် မျက်နှာမူပြီးနောက်မှာ အနော်နဲ့ က လက်တစ်လှမ်းလောက်ပဲ ကွာတာလေ။ ပြီးတော့ သူက အနော်ကို ပြေးဖက်ပြီး ငိုပါလေရာဗျာ။ သူငိုတော့ မှ ကျွန်တော် သတိဝင်လာတာ။ ကိုယ်မှာ ဘာလုပ်ရမှန်းကို မသိဘူး။ သူက ငိုနေတာတော့  အသေငိုတာပဲနော်။ ရှယ်ငိုတာ။ ပိုးစိုးပက်စက်ငိုတာ။ အနော်ထင်တယ်။ ဒီသရဲ ပေါ့နော် တော်တော်လေး ဒုက္ခရောက်နေပြီလို့ ။
ငါ ဘာများကူညီရမလဲမသိဘူး ဆိုပြီး အနော်က မေးလိုက်တယ်။
“ငါ ဘာကူညီရမလဲ” ဆိုတော့ …
သူက ပြောတယ်ဗျ။
“ဒီ အတိုင်းလေး နေပေးပါ” တဲ့ ။ သူ “အားရပါးရ ငိုချင်လို့ ပါ” တဲ့ လေ။
တေယောဗျာ။ အနော်မှာ ရပ်ပေးနေရတယ်။ လမ်းမမှာ တိုက်စီတွေကလည်း သွားနေကြတာ။ သူတို့ က အနော်တို့ ကို ဘယ်လိုမြင်မလဲတိဝူး။ ယောင်္ကျားအချင်းချင်း ဖက်ထားတယ် ဆိုတော့ လေ။ ပြီးတော့  ညဘက်ကြီး :D ။ အနော်ကတော့ ဖက်ပါဝူး။ ဘယ်နှယ့် …အချင်းချင်းကြီးကို နော့  :D ။ ဟိုကောင်ကတော့ အသေဖက်ပြီး ငိုနေတာ။ ဘယ်လောက်တောင် ငိုလဲဆိုရင် သူ နှာခေါင်းက နှပ်ချေးတွေပါ ထွက်ကျကုန်တာ။ အဲဒီထွက်ကျတဲ့ နှပ်ရည်တွေနဲ့ ၊ မျက်ရည်တွေပေါင်းပြီးတော့  ကျွန်တော်ရဲ့ ဘယ်ဖက် ပခုံးကနေ စီးသွားတယ်။ လူကဗျာ ရွံ့ လိုက်တာ မပြောပါနဲ့ တော့ ။ ဒါပေ့ မယ် လန့် နေရတယ်။ တော်တော်ကို လန့် နေတာ။ သရဲက အနော်ကို ဖက်ထားတာလေဗျာ။ ခက်တယ်။ L အဲဒါကြောင့် ကိုယ်က မလှုပ်ရဲဝူးရယ်။
အဲဒီလို ငိုတာ ဘယ်လောက်ကြာသွားလဲတော့ မသိပါဘူး။ အနော်အထင် မိနစ် (၂၀) ကျော်လောက်ရှိမယ်။ ကိုယ်ကလည်း မတ်တပ်။ သူကလည်း မတ်တပ်။ သရဲက ငိုလို့ လည်း ၀ရော။ ဘာပြောတယ်ထင်တုန်း…
“ကျွန်တော် ကောင်မလေးဗျာ။ အနော်ကို ဖြတ်သွားတယ်…အီးဟီးဟီး ရွှတ်” တဲ့ ။
“တိန်” သေရောဗျာ။ ဘယ်နှယ့်  … ကြောင်တောင် ကြောင်သွားတယ်။ ကိုယ့် မှာတော့  သရဲထင်ပြီး ကြောက်လိုက်ရတာ။ မသာက ဘာသရဲမှလည်း မပူးဝူးရော။ သူဘာသာသူ ဆော်နဲ့ ပြတ်ပြီး ငိုတာကို အနော်ကို ဟင်းဟင်း။ တော်တော်ပေါက်သွားတယ်ဗျာ။ အဲဒီဟာကို စဉ်းစားမိလိုက်တော့  သူ့ ကို ဆောင့်တွန်းလိုက်တယ်။
“မင်း သရဲ ပူးနေတာ… မဟုတ်ဘူးလား” ဆိုတော့ … သူက မျက်ရည်တွေ ဘာတွေသုတ်ပြီး
“ဟ…ဘယ် နှယ့်  ပူး ရမှာလဲ ကိုဇူးကလည်း” ဆိုပြီး ပြန်ပြောတယ်။
တကယ်ပါဗျာ။ လူက ငိုရခက်၊ ရီရခက်ရယ်။ လက်တစ်ဖက်လုံးကလည်း နှပ်ချေးတွေနဲ့ ။ အစတုန်းက ရွံ့ ပေမဲ့ လည်း ကြောက်ပြီး မကြည့် ရဲ ဘူး။ အခုမှ ကိုယ့် လက် ကိုယ်ပြန်ကြည့် တော့ …လားလား စိုရွဲနေတာပဲ။ အဟုတ်။ မျက်ရည်တွေကပါ အဆစ်ပါထားတော့ 
ဘာဖစ်နေမှန်းမသိဘူး လက်ကလေ။ အဲဒါနဲ့  အန်တော့ တာပဲ၊ ထိုးထိုးပြီး။ အနော်ကလည်း အန်နေရင်းနဲ့  ဟိုကောင့်ကို ဆဲနေတာ။
“ငါ့မှာတော့ …(အော )့…နင် သရဲ …( အေ့ ) …ပူးနေ တယ်… (ဝေါ့)…ထင်လို့ ..(အော့ )” ဆိုပြီး စကားက အဆုံးထိ ပြောလို့ ကို
ရတော့ ဝူး :D ။
ဒီကောင်လည်း အဲဒီတော့ မှ ဇာတ်လမ်းအစ အဆုံးကို နားလည်သွားပြီး ရယ်တော့ တာ။ ခွက်ထိုး ခွက်လန်ပဲ။ အနော်ကလည်း သူကို ကြည့် ပြီး (ကိုယ့် ကို ကိုယ်လည်း ရှက်တာပါတာပေါ့ဗျာ. ဟီး :D ) အန်လိုက်၊ ဆဲလိုက်၊ ရီလိုက်နဲ့ ။ ပွဲပါဗျာ။ တကယ်ပွဲ။
ဒီလိုနဲ့  လသာကမ်းနားလမ်းလည်း အနော်တို့ ရယ်မောသံနဲ့ တင် လျှံထွက်သွားတာ။ ပြီးတော့  သူကို ပြန်ခေါ်လာတယ်။ သူတို့ အိမ်ကို သူက မပြန်ချင်သေးဘူးတဲ့ ။ အဲဒါ သူ့ ကို အိမ်အောက်မှာ ထားခဲ့ ပြီး အိမ်ပေါ်တတ်ရတယ်။ သူ့ အမေတွေကို အခြေအနေကောင်းတယ်။ သရဲ ပူးတာ မဟုတ်ဘူး။ သူဘာသာ သူ စိတ်ညစ်လို့ လျှောက်လုပ်တာ၊ ဘာညာပေါ့ဗျာ။ ဖျောင်းဖျရတာပေါ့။ ပြီးတော့  ကိုယ်လက် တစ်ဖက်ကို ကိုယ် ဘာသာကိုယ်ဆေးရတယ် ဟင့်။ အကျီကလည်း ဒီကောင်က ငိုလိုက်၊ နှပ်သုတ်လိုက် လုပ်တာနဲ့ တင် တော်တော်ကို စုတ်ပြတ်သွားတယ်။ အဲဒါ သူ့ အကျီတစ်ထည် ကောက်စွတ်လာရတယ်။ :D ပြီးတော့ ဒီကောင် ကားနဲ့  ဗိုလ်တစ်ထောင် ကမ်းနားဘက်ကို ထွက်လာခဲ့ တယ်ဗျာ။ သူက စိတ်ပြေလက်ပျောက်နေရာလေးတစ်ခုမှာ နေချင်တယ်ဆိုလို့ ပါ။ ဗိုလ်တစ်ထောင် ကမ်းနားက ည (၁၁) ဆို ပိတ်တာ။ ဒါပေ့ မယ် အဲဒီက အစောင့်ရဲတွေက အကုန်လုံး အနော်နဲ့ ခင်တယ်။ ကိုယ် ဆိုးသွမ်းတုန်း အချိန်တွေတုန်းကဆို အမေနဲ့ ရန်ဖြစ်တိုင်း သူတို့ နဲ့ သွားနေတာလေ။ :D ရဲတွေနဲ့ ။ မဟုတ်ရင် ညဘက် ကိုယ် လျှောက်သွားနေတုန်း မှောင်ရိပ်ခိုမှုနဲ့ သူတို့ ကဖမ်းမှာ။ အဲဒါသူတို့ နဲ့ သွားထိုင်ပြီး စကားရော ဖေါလျှော၊ လုပ်နေလိုက်တယ်။ ပြီးရော :P ။ အဲဒီလိုနေလာတော့ 
အနော်ဆို အဆင်ပြေတယ်ဗျ။ သူတို့ ကလေ။ သွားရင်းနဲ့ အိမ်က မိဘတွေကိုလည်း ဖုန်းဆက်ရတေးတယ်။ စိတ်မပူနဲ့ ၊ ဟိုကောင် ကောင်းသွားပြီ။ ဘာညာပေါ့ဗျာ။ သိနေတာကို မိဘတွေက။ ဒီကောင်ကလည်း အိမ်ခဏခဏ လာနေတာဆိုတော့ ။
ကမ်းနားရောက်တော့ … ကားပေါ်က ဆင်းပြီး လေညှင်းခံကြတယ်ပေါ့ဗျာ။ သူက ကျွန်တော်ကို ပြောတယ်။ သူ့ ကောင်မလေးနဲ့ သူနဲ့ ပြတ်သွားလို့ ပါတဲ့ ။ သူ ဘယ်လိုမှ မခံစားနိုင်လို့ ပေါ့နော်။ အဲဒါကြောင့် အခန်းထဲ ၀င်ပြီး နေနေတာတဲ့ ။ ဖြစ်ချင်တော့ …သူတို့ အိမ်ကလည်း သူ့ သားကို သိပ်ချစ်ကြတာ။ ဒီကောင် မျက်နှာမကောင်းတော့  ဘာဖြစ်လဲ၊ ဘာညာ ၀ိုင်းမေးကြတာပေါ့ဗျာ။ အမှန်ဆို
အသည်းကွဲနေတဲ့ အချိန်တိုင်းက တစ်ယောက်တည်း တွေးချင်တာတွေး၊ လုပ်ချင်ရာ လုပ်နေရမှ အဆင်ပြေတာလေ နော့ ။ အဲဒါကို
ဘေးက လူတွေက စေတနာနဲ့ တော့ မေးတာပဲ။ ဒါပေ့ မယ် ဒီကောင်က သူ့ ကို ရှုပ်ရကောင်းမလား ဆိုပြီး ပေါက်ကွဲတာ။
“ငို ချင်နေတာက အစကတည်းကပါ ကိုဇူးရယ်။ တကယ် ကိုယ်ဒီလို ၀မ်းနည်းနေတဲ့ အချိန်မှာ အမေတွေ၊ ညီတွေရဲ့ မေတ္တာ ကိုတွေ့ လိုက်ရတော့ … ဘာဖြစ်သွားမှန်း မသိတော့ ပါဘူးဗျာ၊ ပြီးတော့ အချစ်ရဆုံးလို့  ထင်ထားတဲ့ သူတစ်ယောက်က ဒီလိုလုပ်တော့  ကျွန်တော် မခံစားနိုင်ဘူး ဖြစ်သွားတယ်” တဲ့ လေ။
အမှန်ဆိုရင်လည်း ဟုတ်တယ်ဗျ။ ဒီလို အချိန်ကြီးမှာ ကိုယ့် အမေတွေ့ ရှေ့ ၊ ကိုယ် အမတွေ ရှေ့ တွေမှာ….
“တားကို တူ…အတည်းခွဲတွားတယ်…ဗြဲ” ဆိုပြီး သွားငိုလို့ ကောင်းတဲ့ အရွယ်လည်း မဟုတ်ဘူးလေ။ ခက်ပါတယ်ဗျာ…လောကက :D ။
သူက သူ့ အသည်းကွဲတဲ့ အကြောင်းပြောရင်း…ပြန်ငိုချင်လာတယ်ထင်တယ်။ သူလည်း ချစ်မှာပါ….သူ့ ကောင်မလေးကို။ အနော်လည်း ခံစားပေးလို့ ရပါတယ်။ ခုလေးတင် ကိုယ်လည်း အသည်းကွဲထားတာဆိုတော့  ဟိဟိ :D ။ ကိုယ်လည်း ရင်ထဲမှာ နင်နေတုန်းပါပဲ။ ဒါပေ့ မယ်ဗျာ။ ကိုယ်ထက် ဆိုးတဲ့ သူကို တွေ့ လိုက်ရတော့ …ခဏပျောက်သွားတယ်ထင်တယ်။ အခု သွေးအေးသွားတော့ ရင်ထဲမှာ ပြန်ပေါ်လာပါယောလား :D ဟားဟ။ ပွဲဗျာ။ အဲဒီအချိန်မှာ ဟိုကောင်က ပုလဲတွေ ခနေပြီ။ တကယ်တော့ ဗျာ…ယောင်္ကျား တစ်ယောက် ငိုတယ်ဆိုတာ ကြည့် ရခက်ပါတယ်။ အဲဒါနဲ့  ကျွန်တော်က သူကို ဒီလို ပြောလိုက်တယ်။
“မသာကောင်…ငိုမနေနဲ့ နင်….နင်တင် ကွဲထားတာ မဟုတ်ဘူး။ ငါလည်း ဒီနေ့ ည ပဲ အသည်းကွဲလာတာ” လို့ လေ ဟိဟိ :D ။
ဒီတစ်ခါ ငိုတာ ရပ်သွားပြီး ကြောင်တောင်တောင် ပြန်ကြည့် နေတာတော့  သူပါ။ တကယ်လား၊ ဟုတ်ရဲ့ လားဆိုတဲ့ ပုံစံမျိုးနဲ့ ။ ပြီးတော့ 
“အာ… တကယ်လားဟင်။ ကိုယ်ဇူး …ပွဲနော်၊ ပွဲ။ တကယ် ကြည့် စမ်း တိုက်ဆိုင်တာလား တိဝူး ဟီးဟီး” တဲ့ ။ သူများအသည်းကွဲ တယ်ဆိုတော့ မသာ အသံက ပျော်နေတဲ့ အသံနဲ့ ။ အဲဒါနဲ့  သူကလည်း ဘယ်လို ဖြစ်တာလဲ၊ ဘာညာနဲ့ ပေါ့ဗျာ။ ကိုယ်လည်း ပြောပြလိုက်တယ်။ ဒီလို ဒီလိုပဲ ဆိုပြီး။ အဲဒီမှာ သူက အံ့ သြသွားတယ်ဗျ…သိလား။ ကျွန်တော့် ကိုလေ။ သူ့ လို မျိုး ကြီး သောင်းကျန်းတာတွေ ဘာတွေ မရှိဘူး ဆိုပြီး။ အမှန်တကယ်တော့  သူက အခုမှ အသက်က (၁၉) နစ်လောက်ပဲ ရှိသေးတာလေ။ စိတ်ဓါတ်က အရိုးခံရယ်။ ဖြူစင်တယ်။ ရှင်းရှင်း ပြောရရင် အနော် ငဇူးတို့  နှလုံးသားတွေက ဖြူစင်တော့ တာမှ မဟုတ်တာ။ မာယာတွေကြား လျှောက်သွားနေတာ။ အတွေ့ အကြုံတွေလည်း ရနေပါပြီ။ သူငယ်ချင်းတွေဆီကရော၊ ကိုယ်တွေ့ ဖြစ်ရပ်တွေဆီကရောပေါ့။ အဲဒီတော့ ဘယ် တုန်လှုပ်လိမ့် မတုန်း နော့  :D ဟိဟိ နောက်တာ :P ။
အဲဒီလိုနဲ့ သူကမေးတယ်ပေါ့နော်။
“ကိုဇူး ဘာမှ မဖြစ်ဘူးလား” တဲ့ ။
“ဟ…မဖြစ်ပဲ နေမလားဟ၊ ဒီမှာ ရင်ထဲမှာ ဘယ်လိုချည်းမှန်းမတိလို့ ..ငါက ၀င်အိပ်နေတာ။ မဖူးတို့ ကလည်း ငါမျက်နှာမကောင်းဘူးဆိုပြီး အသေလိုက်မေးနေတာ။ ငါက အာခီဒို ကြောင့် ပင်ပန်းတယ်ဆိုပြီး လှိမ့် ထားရတာပေါ့ ။ နင့် ဖုန်းဝင်လာတော့ …လွမ်းတာနဲ့ ခံစားနေတာတောင် ဘယ်ရောက်တွားမှန်းမသိဘူး။ သောက်ကျိုးနည်း..သရဲ” ဆိုပြီး အနော်က ပြောလိုက်တယ်။ အဲဒီ သရဲ ဆိုတဲ့ အကြောင်း ပြောတဲ့ အချိန်မှာ ကျွန်တော်က ရယ်ပြီး ပြောနေတာလေ။ တကယ်လည်း ရီချင်နေတယ်။ အူတတ်တယ်။ :D အဟုတ်။
သူကလည်း အဲဒီအသံကြားတော့  ၀မ်းနည်းတာတွေ၊ ဘာတွေ ပျောက်ပြီး ရီပါလေရောလား :D ။
ဒီလိုနဲ့ ကမ်းနားမှာ နောက် အသည်းကွဲရင် ဒီလို မလုပ်ဖို့ ဘာညာနဲ့ ဆုံးမပြီး ပြန်လွှတ်လိုက်တယ်ဆိုပါတော့ ဗျာ။ ဆုံးမလို့ အာခြောက်ပြီး သောက်တာတင် “ဘီယာချမ်း” လေးဗူး လား တိဝူး ဟိဟိ :D ။ ဒီကောင်လည်း သောက်နိုင်တယ်။ အပြန်မှာတော့ ရီရီမောမောပါပဲ။
သူလည်း အေးဆေးဖြစ်သွားတယ်။ အနော်လည်း အေးဆေးဖြစ်သွားတယ်။ အိမ်ရောက်တော့ … ည (၂) နာရီတောင် ထိုးတော့ မှာ။
ကိုယ်က မနက် အာခီဒိုကလည်း ရှိသေးတယ်။ မားသားကိုလည်း ပြီးသွားပါပြီ။ ဘာမှမဟုတ်ပါဘူး ဆိုပြီး ပြောလိုက်ရတယ်။
အိပ်ယာထဲကိုလည်း ၀င်ရော….
“ရင်ထဲမှာလည်း ပြန်ပြန် ဆို့ လာတယ်ဗျာ”
“ငခမ်း…တစ်ယောက်လည်း ဒီလိုပဲ ထင်ပ”
“ဟဲ့ …သောက်ကျိုးနည်း သရဲ” ဟိဟိ ။ ။
ပြီး၏
crd....ငဇူး

No comments:

Post a Comment