စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Sunday, April 6, 2014

ည , တွေတာရှည် ..

=============
... တောင်ပေါ်ရိုး , မှာ
တောင်ယာ , မီးနဲ့
ရွာ , အနီးနား မှာ
ဘာသံများကြားရသလဲကွယ် ... ။

... ည , ပလွေလေးနဲ့များ
ည , တေးကိုဆိုလို့
ချစ်သူ , ကြိုဖို့အတွက် တဲ့
စကား ,တတ်လိုက် တဲ့ ကြယ်ကလေးတွေ
နယ်ပယ်ဝေး တဲ့ လမ်းမှာ
ပန်းတွေ , ကို သယ်နေ ကြရောပေါ့ ... ။

... တိမ်တိုက် အက်ပြူ
လ , မြူ ကျီစယ်
ည , အလယ် ရဲ့ သတ်ပုံတွေထဲ
အသံထွက် မမှန်တဲ့ အိပ်မက် တွေနဲ့
ဘဝ , တွေ ..
ည , တွေ ..
မသေသပ် , ခဲ့ပုံများလေ ... ။

... ဟိုး .. အဝေး ဆီက ..
ခလောက်သံ ပီပီ ကြားလို့ထင်ရဲ့
လက်ဖဝါး ထက်က
အိပ်မက် တစ်ဆုပ်
ရုတ်ရုတ်သဲသဲ
နွေည , ထဲ ထပျံသွားတယ် ... ။

... ည .. ရေ
ည .. ရဲ့ ,
ဟောဒီ တောင်ပြာ , ပြာတွေအထက်
မက်မွန် , ပင်တွေကြား အမျှော်ထောက်
ချစ်သူ , မရောက်ခင်ကလေး
ခပ် , ဖြည်းဖြည်းလေး လှမ်းလို့
နေစမ်း စေချင်ပါရဲ့ ... ... ။ ။ ။ ။

No comments:

Post a Comment