စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, April 4, 2014

* ရက်ပ် ပါ ကဝေ *

~~~~~~~~~~~အိုးစူး~~~

ဒီခေတ်ကြီးမှာ မဖြစ်နိုင်ပါဘူးကွာ
လို့ မပြောပါနဲ့ ကျနော်တောင်အံဩ
နေတာ။

ဦးဝေလင်းမှာသမီးလေး၁ယောက်ရှိ
တယ်။မော်လမြိုင်စကားနဲ့ ချော မ
ချော ကြဲမှကြဲ ပဲ။ အဲတော့ ချမ်းချင်
အဲလေ မွန်စကားတွေရောကုန်ပီ။
ချစ်ချင်ကြိုက်ချင်သူကလည်းပေါမ
ပေါ။ အရွယ်ကလည်း၂၀မရောက်
သေး။မော်ဒယ်လေးတွေကငေးရ
မယ့် အဆင်း။
ရီးစားတော့ ဟုတ်တိပတ်တိရှိဟန်
မတူဘူး။ အခုခေတ် ထုံးစံအတိုင်း
ဘွိုင်းဖရင့် ကတော့ အသိတော်
တော်များသတဲ့ ။
မိဘကလည်းချမ်းသာတဲ့ စရင်းမှာ
ပါတော့ အစ စ သူမပါရင် ပွဲမစည်
သလို။
ကျနော်ဖြင့် သူတို့ မိသားစုလေးကို
ကြည့် ပြီးအားကျမိပါရဲ့ ။ဦးဝေလင်
ကိုယ်တိုင်ကလည်းလူကြီးလူ
ကောင်းပီပီ တည်ကြည်သလောက်
သူ့ မိန်းမကလည်းအေးရှာပါတယ်။
ဒါပေမဲ့ ရှေးရိုးတော့ နဲနဲဆန်တယ်
ထင်မိတယ်။တစ်ခါတစ်လေအ
တွေးအခေါ်အယူအဆတွေလိုက်မ
မှီချင်ဘူး။လူကခေတ်မှီသလောက်
စိတ်ကရှေးဆန်ဆန်ထင်ရတယ်။
အခုတလောသူတို့ မိသားစုကြည့် 
ရတာသိပ်ရွှင်ရွှင်လန်းလန်းမရှိတာ
တော့ အကဲခပ်မိပါရဲ့ ။
တော်တော်ကြာကားလေးနဲ့ ထွက်
သွားလိုက် မျက်နှာမကြည်မသာနဲ့ 
ပြန်လာလိုက်။ခါတိုင်းရီရီမောမော
ပြောကြဆိုကြတာတွေ့ ပေမဲ့ အခု
တစ်ယောက်တစ်ယောက်ပူးတွဲမ
မြင်ရတဲ့ အပြင် ငြင်းသံခုံသံတောင်
ကြားမိသလိုပဲ။
ကောင်မလေးကြည့် ရတာလည်း
အရင်နဲ့ မတူ အိုဇာနေသယောင်
ယောင်။ကျမ္မာရေးမကောင်းသလို
တစ်ခုခုတော့ တစ်ခုခုပဲလူမှုရေးအ
ရမေးလို့ မကောင်းတာနဲ့ ဒီအတိုင်း
ပဲနေလိုက်တယ်။
မနေ့ ညက အိမ်ကအမယ်ကြီးက
စကားအဆက်အစပ်မရှိပဲမေးလာ
တယ်။
" ရှင် သရဲတို့ တစ္ဆေတို့ ကိုယုံလား”
တဲ့ ။ကြံကြံဖန်ဖန်ဒီလိုခေတ်ကြီးမှာ
ကွာ ဆိုတော့ ။
"ကျမလည်းသိပ်မယုံပါဘူး နုပြော
မှပဲ ယုံရမလိုလို " တဲ့ ။
နုဆိုတာဦးဝေလင်းအမျိုးသမီးကို
ပြောတာပါ။သူတိုခြင်းကရောထွေး
နေတာကိုး။
စိတ်မ၀င်စားပေမဲ့ စကားပြောဖော်
၂ယောက်ထဲရှိတာဆိုတော့  ဘာ
တဲ့ တုံး ပေါ့ ။
"ဒီလိုရှင်ရေ……သူ့ သမီးလေးက
ဒီရက်ထဲ စိတ်တွေဂယောက်ဂရက်
ဖြစ်နေသတဲ့ ”
"အင်း အကဲခပ်မိသလိုပဲ”
" ခါတိုင်းလိုမဟုတ်ပဲ အိမ်မှာရော
အလုပ်ထဲမှာရော မှိုင်မှိုင်တွေတွေ
နဲ့ စိတ်မဟုတ်လက်မဟုတ်ဖြစ်ပြီး
အလုပ်ထဲဆက်ဆန်တာမိသားစုနဲ့ 
ဆက်ဆန်တာကအစ အရင်နဲ့ 
ပြောင်းပြန်တွေချည်းပဲတဲ့ ”
"အင်း ”
"လုပ်တာကိုင်တာပြောတာဆိုတာ
စားတာသောက်တာကအစ တစ်
ခြားတစ်ယောက်ဝင်စားသလိုပဲတဲ့”
"ဘယ်လိုကွ မင်းဘာကိုဆိုလိုတာ
လဲ"
" ဒီလိုလေ စရိုက်ကိုကမတူတော့ 
တာတဲ့ သူတို့ မှာသမီးကလေးတစ်
ယောက်ရှိတာဆိုတော့အရိပ်တ
ကြည့် ကြည့် နဲ့ သိသာမှာပေါ့ ကြာ
တော့ပိုဆိုးလာတယ်တဲ့ အလုပ်သ
မားတွေကိုအော်လားငေါက်လား
လုပ်လာသလိုကိုယ်ထိလက်ပါ
ကျုးလွန်လာခဲ့ ပြီးမိဘတွေကိုတစ်
သက်လုံးမော်မကြည့် ရဲတဲ့ သူက
မိုက်မိုက်ရိုင်းရိုင်းပြန်ပြောလာသတဲ့
"နို့ ရီးစားသနာတွေမရှိဘူးလားဟ”
ကျနော်ကကိုယ့် အတွေးနဲ့ ကိုယ်
ပြောမိတာပါ။အမယ်ကြီးကချက်ဆို
နားခွက်ကမီးပွင့် ရှာတယ်။
"အမလေး နုကလည်း အေးသာ
အေးတာလည်ပ စိတ်ရောဂါဆရာ
ဝန်ပေါင်းစုံနဲ့ ပြသတဲ့ ဒါပေမဲ့ ပို
တောင်ဆိုးလာသေးသတဲ့ သမီး
လေးက အိမ်ထောင်ရေးစိတ်မ၀င်
စားသလို ရီးစားတောင်မရှိရှာဘူး
တဲ့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မိ
သားစုပဲလေ ဟုတ်မှာပေါ့ "
"အေး ဟုတ်ပါပြီ ဒါနဲ့ သရဲတစ်
ကယ်ရှိတယ်နော်ကြောက်ဘူးလား
အဲလေ ဟုတ်ပါဘူး သရဲရှိတာနဲ့ 
ဘာဆိုင်လို့ လည်းဟ"
(နားရင်းထအုပ်လိုက်ရ။ စိတ်ထဲမှ
ပြောသည်။စာနဲပဲရေးချင်တာရေးမှ)
" လာမယ်လေ အဲဒါနဲ့ နုကကိုဝေ
လင်းမသိအောင် ပရောဂဆရာနဲ့ 
ပြသတဲ့ အဲဒီဆရာကတခြားမြို့ မှာ
ကားနဲ့ သွားကြသတဲ့ သမီးကကား
မောင်းတတ်ပေမဲ့ စိတ်မဟုတ်လက်
မဟုတ်မို့ ကိုဝေလင်းကိုမောင်းပို့ 
ခိုင်းသတဲ့ ဒရိုင်ဘာလည်းမရှိလို့ 
ပေါ့ ဟိုရောက်တော့ ထူးဆန်းတာ
ကြုံရောတဲ့ ”
စိတ်ဝင်စားလာမှစကားဖြတ်ပြီးရေ
ထသောက်နေတယ်ကညနရုံးက
စာရေးမလို့ မပြောရဘူးငါတယ်
အုပ်လိုက်ပြန်ပြီနားရင်း(စိတ်ထဲမှ)
" နု နဲ့ သမီးလေး ပရောဂဆရာအ
ခန်းထဲမှာဆွေးနွေးနေတုံးကိုဝေ
လင်းကကားပေါ်ကျန်ခဲ့ သတဲ့ သူ့ 
ကိုလည်းမသိစေချင်တာရော ဒါ
မျိုးသူအယုံအကြည်မရှိတာရော
တမင်ထားခဲ့ တာနေမှာပေါ့  ဆရာ
ကသမီးလေးကို ပြုစားခံနေရတာ
လို့ အတတ်ပြောသတဲ့ မယုံရင်သူ
ခေါ်ပြမယ်ပေါ့ ပြုစားတဲ့ သူကဟိုး
အရင်ကျောင်းတုံးကသမီးလေးကို
စွဲစွဲလန်းလန်းချစ်နေသူတဲ့ ချစ်လို့ 
လုပ်တာတဲ့ ပြောတုံးရှိသေးတယ်
အမလေး နုပြောပုံဖြင့် ကြောက်စ
ရာကြီး မျက်ထောင့် နီကြီးနဲ့ ခေါင်း
စုတ်ဖွား ကိုးရိုးကားယားပုံစံနဲ့ ကို
ဝေလင်းကြီးအခန်းထဲဝင်လာသတဲ့ 
သမီးလေးကိုလက်ညှိုးထိုးပြီးခေတ်
လူငယ်ဒီဇိုင်းတွေနဲ့ နင်ပဲငါဆပြော
သတဲ့ သမီးကလည်းအံ့ လဲအံ့သြ
သိလည်းမသိတော့ ဘယ်သူလဲ
ဘာလဲဘယ်တုံးကလဲနဲ့ မေးတာ
အကုန်ပြန်ဖြေနေသတဲ့ သူတို့ ခြင်း
သာသိနိုင်တဲ့ ကိစ္စတွေကိုဝေလင်း
ဘယ်သိနိုင်မလဲနော နုကတော့ ဆ
ရာကိုလေးစားအားကိုးပြီး အဲဒီဆ
ရာနဲ့ ပဲဆက်ကုနေတာ နဲနဲတော့ 
ထူးခြားသက်သာသတဲ့ ကိုဝေလင်း
ကအခုခေတ်ကလေးတွေရက်ပ်ပါ
တွေပြောသလိုပုံမျိုးစကားမျိုးပြော
နေတာ ရီလဲရီချင်ကြောက်လဲ
ကြောက်စရာကြီးနေမှာနော်"
ကျနော်အိပ်ပျော်နေရာ သားရေ
တွေဘာတွေသုတ်လို့ 
"အေးပေါ့ ကွ”
လို့ ပြောလိုက်ရပါတော့ သတည်း။

No comments:

Post a Comment