စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, March 17, 2014

* ၀ဋ် * ……………[အိုးစူး]





















ဦးသောင်းရွှေတဲ့ ။
အသက်၄၀ကျော် အသားနီညိုညို
အရပ်ကောင်းကောင်း ဗလတောင့် 
တောင့် နုတ်ခမ်းပြဲပြဲ အမွှေးထူထူ
မျက်လုံးပြူးပြူး နဲ့ ။
အလုပ်ကလား ၀က်သားကုပ္မဏီမှာ
လုပ်ပါတယ်။ တစ်နေ့ ကို လေးငါး
ဆယ်ကောင်အနဲဆုံးတစ်ယောက်
ထဲလုပ်သတဲ့ ပြောပြတာ။


သွားလဲမကြည့် ဖူး ကြည့် လဲမ
ကြည့် ချင်ပါ။သူ ကတစ်နေ့ စာအ
လုပ်ပြီးရင်ဘီအီးအရက်တစ်ပိုင်း
ချမ်းလီဘီယာနှစ်လုံးကို ၀က်ဝမ်း
တွင်းသားချက်နဲ့ စိမ်ပြေနားပြေ
သောက်ပြီး အိပ်တာပဲ။
ကျနော်နဲ့ မသိခင်ကတဲကဒီအလုပ်
ပဲလုပ်လာတာ အခုကျနော်နဲ့ သိ
တာကိုဆယ်နှစ်ကျော်ပါပြီ။
မိန်းမကလည်းသူလိုထောင်ထောင်
မောင်းမောင်းလုံးကြီးပေါက်လှ။
ရှေ့ သွားနောက်လိုက်ညီပ။
ကလေးနှစ်ယောက်နဲ့ အိမ်အလုပ်
တွေပြီးရင် သူ့ ယောက်ကျားအ
တွက်သူချက်ပြုတ်ထားတဲ့ အမြီး
အတူထိုင်စားရင်း တခါတလေတစ်
ခွက်တစ်ဖလားမော့ သေး။
ရှေ့ ရေးနောက်ရေးအပူပင်မဲ့ စွာဦး
သောင်းရွှေအလုပ်မှာပဲမှီခိုနေကြ
တယ်။ဦးသောင်းရွှေကိုယ်တိုင်ကလဲသတ်စရာဖြတ်စရာရှိတာသတ်
ဖြတ်ခုတ်ထစ်ပေးပြီးလို့ အချိန်တန်
ရင်အရက်သောက်အိပ်ရရင်သူ့ ဘ
ဝပြီးပြည့် စုံပါပြီ။
ဒီလိုနှစ်ရှည်လများသောက်လာတဲ့ 
ဒဏ်က တစ်နေ့ ဦးသောင်းရွှေ
လည်ပင်းမှာအနာပေါက်လာပါရော
ပထမတော့ ဆေးနည်းတိုလေးနဲ့ 
ဟိုဆေးလေးသောက်လိုက် ဒီဆေး
လေးလိမ်းလိုက်ပေါ့ ။ဒါပေမဲ့ 
မသက်သာဘူး။ဆေးရုံတက်ရသ
တဲ့ ကျနော်လူနာသွားမေးတော့ 
သိပ်အဆိုးကြီးမဟုတ်ဘူးထင်မိပါ
တယ်။ရုပ်ဆင်းအင်္ဂါ အသားအရေ
ဘာမှသိပ်မပြောင်းလဲ လည်ပင်းက
အနာကလည်း ဟုတ်တိပတ်တိ
ကြီးကြီးကျယ်ကျယ်အနာလို့ မမြင်
မထင်မိဘူး။သာမန် အပူနာ ၀က်ခြံ
ဖုလိုအနေအထားပါ။
နောက်ရက်တစ်ခေါက်ရောက်သွား
တော့ လမ်းတွေဘာတွေလျောက်
ဟိုသွားဒီသွား ပိုတောင်ဝလာတယ်
ထင်ရတယ်။တစ်ရက်နှစ်ရက်နေ
ဆေးရုံဆင်းရမယ်လို့ ဆရာဝန်က
ပြောသတဲ့ ။
အိမ်နီးခြင်း လူခြင်းလဲရင်းသမို့ မေး
သာမေးရ ဆေးရုံဆေးခန်းသိပ်မ
သွားချင်တာနဲ့ နောက်ရက်မရောက်
တော့ ဘူး။သူတို့ အဆောင်ကလဲ
လူနာတွေက လည်ပင်းမှာပတ်တီး
ဖြူဖြူတွေကိုယ်စီနဲ့ တစ်ချို့ မကြည့်
ရက်မမြင်ရက်စရာ။
နောက်တစ်ရက်လောက်နေတော့ 
ဦးသောင်းရွှေ ဆုံးပြီတဲ့ ။
ဘယ်လိုကဘယ်လိုအကောင်း
ကြီးကနေ နားမလည်နိုင်အောင်ပဲ။
အသုဘချတဲ့ နေ့ မှသူ့ မိန်းမပြော
ပြလို့ သိရတာက
ဦးသောင်းရွှေကိုဆေးရုံကဆင်းခွင့် 
မပေးခင်တစ်ရက်မှာ ဆရာမတွေ
နားနေခန်းနားဖြတ်လျောက်တုံး
အခန်းထဲကဆရာမတွေက
ဦးသောင်းရွှေကိုမနက်ဖန် လည်
ချောင်းခွဲစိပ်ကုသဖို့ ပြောဆိုနေတာ
ကြားခဲ့ ရသတဲ့ ။အဲဒီကပြန်လာပြီး
ဘယ်မှမသွားတော့ ပဲအိပ်ယာပေါ်
ခွေနေရာက ညနေစောင်း သတိ
လစ်သွားပြီး ကယောင်ကတန်းတွေ
ပြော တိရိစ္ဆာန်တစ်ကောင်ရဲ့ အော်
သံလို တဂီးဂီး တဂူးဂူးနဲ့ အော်ပြီး
လည်ချောင်းထဲကသွေးတွေအန်ရာ
ကဘာမှမလုပ်ရသေးခင် ရုတ်တ
ရက်အသက်ပါ ပါသွားရှာသတဲ့ ။
ဆရာဝန်တွေလဲ အံ့ ဩနေကြသ
တဲ့ ။ဦးသောင်းရွှေက ဆင်းခွင့် ပေး
တော့ မယ့် လူနာ အကောင်းကြီး
ဟိုဖက်အခန်းက ပိန်ပိန်အသက်
ကြီးကြီး လည်ချောင်းကင်ဆာဖြစ်
နေတဲ့ ဦးသောင်းရွှေ ဆိုတဲ့ နာမည်
တူအဖိုးကြီးသာ ခွဲစိပ်ရမှာ။
သူ့ မိန်းမပြောပြလို့ သာကျနော်
လည်းယုံရမှာဖြစ်ပေမဲ့ ယုံရခက်
ခက်ကြီးနဲ့ ဒီနေ့ အထိနားမလည်
နိုင်ခဲ့ ပါဘူး။
Ohe Sue Usoe.။

No comments:

Post a Comment