စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Monday, March 17, 2014

#သရဲမလေးရဲ့ကလဲ့စား#










သရဲက ညဖက်ချည်းပဲ ရေးနေလို့ နေဖက်လည်း သရဲရှိတယ်ဆိုတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။အဖြစ်ပျက်ကိုတော့ အတိုကောက်လေးပဲ ပြောပြတော့မယ်။ သူငယ်ချင်းက အတိုကောက်ပဲပြောပြလို့ပါ ၊ပြီးတော့ အပြည့်အစုံလည်း မမှတ်မိလို့ 

ကျနော်တို့ ကျိုက်မရောမြို့နယ်ဘက်က ရွာလေးတစ်ရွာက အဖြစ်အပျက်လေးပါ။
အဲ့ရွာလေးမှာ အရမ်းချမ်းသာတဲ့ သူဌေးသမီး တစ်ယောက်ရှိခဲ့တယ်။ အဲ့ သဌေးသမီးက ချမ်းသာတဲ့အပြင် ရုပ်ကလဲချောတော့ လိုချင်တဲ့သူက ဝိုင်းဝိုင်လည်လို့။ တစ်နေ့ သဌေး သမီးလေး တစ်ခြားရွာက စက်ဘီးလေးနဲ့ အပြန် ( အဲ့ခေါတ်တုန်းက စက်ဘီးခေါတ်စားတဲ့ ခေါတ်လေ) သူ့ကို ကြိုက်နေတဲ့ ကောင်လေးက တားပြီး ချစ်ရေးဆိုတာပေါ့။
ကောင်မလေးက လက်မခံပဲ သွားမယ်အလုပ် ကောင်လေးက ကောင်မလေးကို အိပ်ဆေးပုဝါ အသုံးပြုပြီး ရာဘာခြံတစ်ခုထဲကို ခေါ်သွားပြီး ဖျက်ဆီးလိုက်တယ်။အဲ့မှာ ဘယ်လိုဖြစ်ပြီး ကောင်မလေးကသေသွားတယ်မသိဘူး အဲ့ဒါနဲ့ ကောင်လေးက ကြောက်ပြီး ထိုင်းဘက်ကို ထွက်ပြေးလာခဲ့တယ်။ ကောင်မလေးရဲ့မိဘတွေက ကောင်မလေးပျောက်လို့လိုက်ရှာကြတာ ၂ ရက်လောက်က မတွေ့ကြဘူး။ နောက်နေ့မှ ကောင်မလေးက သူ့ဦးလေးဖြစ်သူကို အိပ်မက်ပေးလို့ အဲ့နေရာမှာ သွားရှာတာ ။
ရာဘာခြံကြီး တစ်ခြံထဲမှာ သစ်ကိုင်းတွေ အုပ်ပြီး ထားခဲ့တဲ့ အလောင်ကို တွေ့တယ်။ အဲ့ဒါနဲ့ သူ့မိဘတွေလည်း ကောင်မလေးအတွက် အလှူတွေဘာတွေလုပ် မေတ္တာလေးပို့ပေးကြတာပေါ့။ဒါပင်မဲ့ ကောင်မလေးက မကျွတ်ဘူး ။တစ်နေ့ သူ့ဦးလေးဖြစ်သူကို အိပ်မက်ပေးပြီး သူ့ကို သတ်သွားတဲ့သူက ထိုင်မှာရှိကြောင်း ကောင်မလေးက ထိုင်းကိုလိုက်သွားပြီး ကလဲ့စားချေချင်ကြောင်းပြောတယ်။ သူ့ဦးလေးက တူမလေးကို ချစ်တာနဲ့ တူမလေး ဝိဥာည်နဲ့ အတူ ထိုင်းကို လာခဲ့ကြတယ်။
ကောင်မလေးကို သတ်သွားတဲ့သူက လမ်းဖောက်လုပ်ရေးမှာ အလုပ်လုပ်နေခဲ့တယ်။ အဲ့မှာ နေလည် ထမင်းစားချိန် ထမင်းစားပြီးတော့ ကောင်လေးက တစ်ရေးတစ်မော အိပ်မယ်ဆိုပြီး လမ်းကြိတ်ကားအောက်ကို ဝင်အိပ်တာ။ အဲ့မှာလမ်းကြိတ်ကားက ဘယ်သူမှ မမောင်းဘဲ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ အခေါက်ခေါက် အခါခါ မောင်းပြီး ရပ်သွားတယ်။ အောက်ကလူကတော့ ကျနော်ပြောပြစရာ မလိုလောက်တော့ပါဘူးနော်။
လမ်းကြိတ်ကားကြိတ်တာဆိုတော့ ပြေးမြင်ကြည့်လိုက်ကြပေါ့။

အော်....
ကောင်မလေးက ဘယ်လောက်ထိနာကျဉ်းသွားလဲဆိုတာ သေပြီးတာတောင်မှ သတ်သွားတဲ့သူကို ပြန်ပြီး ကလဲ့စားပြန်ချေခဲ့တာ။ အရမ်းကြောက်ဖို့ကောင်းပါတယ် ဗျာ။ တိုက်ဆိုင်မှုလို့ ပြောမယ်ဆိုလည်း လမ်းကြိတ်ကားက လူမပါပဲ မောင်းထွက်သွားတာ။
ကောင်မလေး ထိုင်းကိုရောက်ပြီး မကြာဘူး သတ်သွားတဲ့ လူ သေတာဆိုတော့ ကျနော်က ကောင်မလေး ပြန်ကလဲ့စားချေတာလို့ထက်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုထင်ကြလဲ...
အမြင်လေး ပြောကြည့်ပါအုံး...

#သရဲလေး....sky#

No comments:

Post a Comment