စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Wednesday, August 27, 2014

ဘန်ကောက်က အဖြစ်အပျက်လေး

ဘန်ကောက်က အဖြစ်အပျက်လေး တစ်ခုအကြောင်းလေး သူငယ်ချင်းတို့ကို ကြုံတုန်း ဖောက်သည်လေးချလိုက်အုံးမယ်။


ကျနော်တို့ သူငယ်ချင်း စုစုပေါင်းလေးယောက် ဘန်ကောက်မြို့တစ်နေရာမှာ အလုပ်ပြောင်းတော့ အလုပ်ရုံနဲ့ နီးတဲ့ တိုက်လေးမှာ အခန်းငှားပြီးနေကြတာပေါ့။
နေ့လည်ပိုင်း သန့်ရှင်းရေးတွေ လုပ်ပြီး ညရောက်တော့ ကိုယ့်ကိစ္စနဲ့ ကို ရှုပ်နေကြတဲ့ အချိန်ပေါ့ ၊ မျက်နှာကျတ် မှာ လေပေါက်တတ်ထားတဲ့ သံစကာပြားပြုတ်ကျလာပါရော။ကျနော်က သူငယ်ချင်းကို ခဏလောင် ပြန်တတ်လိုက်ပါအုံးကွာ ၊ ပြောပြီး အာရုံက ဖုန်းမှာ ရှိနေတာ။ သူငယ်ချင်းက ခုံတစ်လုံးနဲ့ ပြန်တတ်မယ်ပေါ့။ခုံအပေါ်မှာ ရပ်ပြီး ငြိမ်နေတယ်။လှုပ်လဲ မလှုပ်တော့ဘူး။ခဏကြာတော့ လက်က ကိုင်ထားတဲ့ သံဇကာပြားက အောက်ကို ပြုတ်ကျ ခဲ့တယ်။ အားလုံးရဲ့ အကြည့်က သူ့ဆီကို ရောက်သွားခဲ့တယ်။
" သယ်ရင်း ဘာဖြစ်တာလဲ ဟျောင် "
ဘာမှပြန်မပြောတော့ဘူး ။အားလုံးက ကြောင်ပြီး ကြည့်နေတဲ့ အချိန် ဘာမပြောညာမပြောနဲ့ အခန်းအပြင် ပြေးထွက်သွားပါလေရော။
နောက်တစ်ယောက်က ထပြီး " ဘာကောင်မှန်းမသိဘူး ဒါလေးတတ်ခိုင်းတာကို ဘာဖြစ်သွားမှန်းမသိဘူး "
ဆိုပြီး တစ်ယောက်ထဲ ပွားပြီးတော့ သံဇကာပြားကို ကောက်ပြီး တတ်မယ်အလုပ် အပေါ်ကို မော့ကြည့်ပြီးတော့ ငြိမ်နေပြန်ရော။ သူ့ကျ ခဏပဲ ဘာမပြော ညာမပြော နဲ့ ပြေးတော့တာပဲ ။ကျနော်နဲ့ သူငယ်ချင်းတစ်ယောက်ပဲ ကျန်တော့တယ်။ တစ်ယောက် အိပ်ပျော်နေတယ်၊ ကျနော်က ဖုန်းကို ကလိနေရာကနေ ထပြီး တတ်မယ်အလုပ် ဖုန်းက ထမြည် လို့ ဖုန်းသွားကိုင်တော့ သူငယ်ချင်းဆက်လာတာ ၊
အသံတွေလဲ တုန်းနေတယ်၊ ပြောတာက၊
" သယ် သယ် ရင်း အ အ အ မြန် ဆင်း ဆင်း လာခဲ့ "
တူ တူ တူ ဆိုပြီးကျသွားတယ်။
ဘာမှ ပြန်ပြောချိန်တောင်မရဘူး။
အဲ့ဒါနဲ့ အိပ်ပျော်နေတဲ့ တစ်ယောက်ကို နှိုးပြီး အထ မျက်နှာကျတ် အပေါက်နားက အသံတွေ ကြားရလို့ ပြန်လှည့်အကြည့် အပေါက်ကနေပြီးတော့ ဆံပင် မည်းမည်းတွေ လျောကျ လာပြီး ခေါင်းတစ်လုံးထွက်လာတယ် မျက်နှာ တစ်ခုလုံးသွေးကျောအစိမ်းရောင် ကြီးတွေ ပေါ်ပြီး ရုပ်ပျက် ဆင်းပျက်ကြီး ဗျာ။

(ရေးနေရင်းနဲ့ တောင် ကျက်သီးထတယ်။ အပေါ် မော့ကြည့်အုံးနော် ခဏနေ အပေါ်ကနေ ဆင်းလာမယ် :P)

တွေ့ပြီးတော့ နှစ်ယောက်သား တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ပြေးတော့တာပဲ။ အဲ့ညက လေးယောက်လုံး အခန်းငှာတဲ့ တိုက်ပိုင်ရှင် ဆီမှာပဲ အိပ်ပြီး နောက်တစ်နေ့ တိုက်ပြောင်းပြေးကြရတာပဲဗျာ။

fri တို့ကို လွမ်းပါတယ်။အားရင် ရေးပေးသွားပါအုံးမယ်။

#သရဲလေး...sky#



No comments:

Post a Comment