စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Sunday, May 18, 2014

Facebook Account Hack

ညဘက် လူရှင်းတုန်းတင်ပေးတာနော်၊ မသိသူကျော်သွား သိသူကော်စားပဲ 
Facebook Account Hack ကြမယ်
===================

အခုနောက်ပိုင်း facebook အကောင့်ဟက်ကြတာတွေ... ဟက်ခံရတာတွေ ခေတ်စားလာပါတယ်... အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ သင်အလိုရှိတဲ့သူရဲ့ facebook အကောင့်ကို သေချာပေါက် hack နိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်... Hack တဲ့နည်းကို ပြောပြတယ် ဆိုတာကလည်း ဒီနည်းလမ်းကို ကြိုတင်ကာကွယ်နိုင်အောင်လို့ပါ… သတိပြုရမှာက ဒီလို hack နိုင်ဖို့အတွက် လိုအပ်မယ့် အဆင့်တိုင်းကို သင့်အနေနဲ့ သဝေမတိမ်း လိုက်နာလုပ်ဆောင်ဖို့လိုအပ်လိမ့် မယ်... ဒီနည်းလမ်းတွေကို သင့်အနေနဲ့ တလွဲအသုံးချမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုံးဝတာဝန်မရှိကြောင်းနဲ့ဒီနည်းလမ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကလည်းကျွန်တော်တို့နဲ့  လုံးဝမသက်ဆိုင်ကြောင်း ဆိုတာတွေကိုလည်း လေးလေးနက်နက်သတိပေးချင်ပါတယ်... ဒီအချက်တွေကိုလက်ခံတယ်ဆိုရင်တော့ နည်းလမ်းအဆင့်ဆင့်ကို ကျွန်တော်တို့ လေ့လာကြည့်လိုက် ကြရအောင်..
၁) သင် hack ချင်တဲ့ တဲ့သူရဲ့ gmail account ကို သင့် gtalk တွင် add ပါ... facebook တွင်လည်း ထိုသူကို add ပြီး အချိန်ရလျှင်ရသလို hi ပါ... ထိုသူမှ ပြန် hi လျှင် အဆင့်(၁) အောင်ပြီဖြစ်သည် ...
၂) ခင်မင်ရင်းနီးအောင် ပြောဆိုပေါင်းသင်းပါ... ထိုသူမှ အသက်အရွယ်မကွာဘဲ သင်ကမိန်းကလေးဖြ စ်ပါက ထိုသူမှ ပြန်Q လာလျှင် ရေလာမြောင်းပေးလုပ်ပါ... သင်ကယောက်ျားလေး ဖြစ်ပါက အတင်းဝင်ရောပါ.. . Q ပါ... ဤအဆင့်လုပ်ဆောင် ရန် အခြေအနေမထူးလျှင် အဆင့်(၄) သို့တိုက်ရိုက်သွားပါ...
၃) အဆင့်(၂)အတိုင်း လုပ်ဆောင်၍ သမီးရည်းစားဖြစ်သွားလျှင်... မိမိအသုံးမပြုသော facebook account တစ်ခုဖြင့် password ချင်း အလဲအလှယ်ပြုပြီး ချစ်သက်သေပြလိုက်ပါ...သင့်ကျွမ်းကျင်မှု အပေါ်မူတည်၍ ဤအဆင့်တွင်ပင် အောင်မြင်နိုင်ပေသည်....
၎) အဆင့်(၃)သို့သွားရန် အခွင့်မသာခဲ့လျှင် ထိုသူနှင့် mutual friend များများရအောင်လုပ်ပါ...မိသားစုဝင်များနှင့် ရင်းနီးအောင်လုပ်ပါ... ယခင်ရင်းနီးပြီး သူဖြစ်ပါက ပိုရင်းနီးအောင် နေပါ...
၅) အပြင်မှာ တွေ့ဖြစ်အောင်ချိန်းပါ... ယောက်ျားလေးဆိုလျှင် ဘီယာတိုက်ပါ... မိန်းကလေးဖြစ်လျှင် လက်ဆောင်ဝယ်ပေးပါ... အကြိုအပို့လုပ်ပါ...
၆) အင်တာနက်အတူသုံး ဖြစ်အောင်ကြိုးစား၍ အကြောင်းအမျိုးမျိုးပြပြီး သူ့အကောင့်ကိုတောင်းသုံးပါ... ယောက်ျားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ် မခံချိမခံသာအောင် ပြောခြင်းဖြင့် အောင်မြင်နိုင်သလို မိန်းကလေးများ
ကို အချစ်ရေးအချစ်ရာ များပြော၍ သနားအောင်လုပ်ခြင်းဖြင့် အောင်မြင်နိုင်သည်...
၇) အထက်ပါနည်းလမ်းဖြင့် မအောင်မြင်ပါက လူသူကင်းဝေးသောနေရာများ.. လူမရှိသောအချိန်များတွင် နှစ်ဦးတည်းတွေ့ဖြစ်အောင် ကြိုးစားပါ...
၈) အလစ်တွင် ဦးခေါင်းကို တုတ်ဖြင့်ရိုက်၍ ကြိုးတုပ်ပါ...
၉) အသက်မသေချင်လျှင် facebook password ပေးဟုခြိမ်းခြောက်ပါ...
၁၀) ခြိမ်းခြောက်၍မကြောက်ပါက ကြက်တောင်မွေးဖြင့် ခြေဖဝါးနှင့် နှာခေါင်းကိုကလိ ထိုးပြီး ထပ်တောင်းပါ...
၁၁) ထိုနည်းဖြင့်မရပါက ရှောက်သီးကို ချဉ်ပေါင်ရွက်နှင့်ရောနယ်ပြီး သံပုရာရည်ရည်ဆမ်းကာ ပါးစပ်ထဲအတင်းထည့်ကျွေးပါ... မျက်နှာရှုံ့မဲ့သွားချိန် ဓာတ်ပုံအမိအရရိုက်ပါ...
၁၂) ထိုပုံကို ဟာသ page များသို့ပို့မည်ဟု ခြိမ်းခြောက်ပြီး password ထပ်တောင်းပါ...
၁၃) အထက်ပါနည်းလမ်းများအဆင်မပြေပါက ထိုသူ့ကို mention လုပ်ပြီး သူ့မကောင်းကြောင်းကို ပယ်ပယ်နယ်နယ်ရေး ၍ ပြပါ... မကျေနပ်၍ ပြန်ရေးချင်ရင် password ပြောဟုတောင်းပါ. ..
၁၄) နောက်ဆုံးနည်းလမ်းမှာ အကောင့်ဆိုတာ ထပ်လုပ်ရင် ရတာပဲ မင်းအသက်ထက်အရေးမကြီးပါဘူးဟု ခြိမ်းခြောက်၍ အစာအငတ် ထားလိုက်ပါ...
၁၅) ဤအဆင့်များအတိုင်း လုပ်ဆောင်ပါက နောက်ဆုံးတွင် သင့်အနေဖြင့် facebook password တစ်ခု၊ အရူးလက်မှတ်တစ်စောင် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ သေချာပေါက်ရရှိမှာဖြစ်ပါတယ်... မိမိလိုချင်သောအကောင့်များကို အောင်မြင်စွာ hack နိုင်ကြပါစေ… ~တိန်
Credit to Original Uploader

No comments:

Post a Comment