စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Tuesday, April 1, 2014

မယ်ကန့်လန့်

ရွာတစ်ရွာမှာဘဲဆိုပါတော့-- ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်

တတ်တယ် ။
ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် --။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်--
ဥပမာ - `` မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်းမကပ်တော့ဘူး ကွာ ``
`` အို ဘယ်ဖြစ်မလဲ -- ဆွမ်းကပ်ကိုကပ်မယ် ``
`` ဒါဆိုလဲကွာ - တစ်ပါးလောက် -အဖြစ်ကပ်လိုက်ပေါ့ ``
``ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ --``
``အင်းလေ မင်းသဘောပါဘဲ - လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း - ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ ``
``မရပါဘူး မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ် ``
ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ် --တစ်နေ့တော့ အခွင့်ကြုံလာတယ် - သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။
ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ `` မပူနဲ့ မိန်းမရေ ငါလာပြီ -- ငါလာပြီလို့ ``အော်သတဲံ့  ။
မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် -- နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်--
`` ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ ``
`` ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ -- ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့ ``
အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။
(မိတ်ဆွေများ ခင်ဗျား ---ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)

No comments:

Post a Comment