စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Saturday, April 26, 2014



တချို့ကြတော့ သရဲတစ္ဆေ ၀ိညာဉ်နဲ့ နေ့စဉ် တွေ့နေရတာတောင်
ကြောက်ရမှန်းမသိပဲ ကိုယ့်သောကနဲ့ ကိုယ်၊ ကိုယ့်အလုပ်နဲ့ ကိုယ်
ရှုပ်နေတဲ့ လူတွေလည်း ရှိတတ်ပါတယ်။
အသိ မိတ်ဆွေတစ်ဦး
စမ်းချောင်းဖက်မှာ တိုက်ခန်း ဌားနေဘူးပါတယ်။ ကလေးနှစ်ယောက်
ရတော့ အတူနေတဲ့ မိဘနဲ့ သူ့မိန်းမ အဆင်မပြေလို့ မိဘတွေ
နဲ့ ဆက်မနေပဲ နှစ်ချုပ်နဲ့ တိုက်ခန်း ဌားနေပါတယ်။ နေ့စဉ် အလုပ်
သွားရင် လှေကားအတက်အဆင်း အကွေ့မှာ ရွှေကိုင်းမျက်မှန်
တ၀င်းဝင်း တပ်ဆင်ထားတဲ့ ဘကြီးတစ်ယောက်နဲ့ နေ့စဉ် ဆုံ
ပါတယ်။ တွေ့လိုက်တိုင်း အဲဒီဘကြီးက သူ့ကို မေးတယ် …
“ငါ့တူ၊ ဒုတိယအလွှာမှာ နေရတာ အဆင်ပြေရဲ့လား …” တဲ့
တစ်ရက်တည်းမဟုတ်ဘူး၊ နေ့စဉ် အလုပ်သွားတိုင်း လှေကား
အဆင်း အကွေ့လေးမှာ တွေ့တာ။

တနေ့ကြတော့ သူတို့ အပေါ်ထပ်မှာ နေတဲ့ တိုက်ခန်းက အလှူရှိလို့
သူတို့ တမိသားစုလုံးသွားစားကြတာပေါ့။ အလှူလုပ်တဲ့ အခန်းရှင်က
သူတို့နေတဲ့ ကန်ထရိုက်တိုက်ရဲ့ မြေပိုင်ရှင်ပါ။ သူတို့ ဌားနေတဲ့ အခန်း
ကလည်း အဲဒီ အလှူပိုင်ရှင်တွေပဲ ပိုင်ပါတယ်။ အလှူမှာ ကျွေးတာကို
စားရင်း သောက်ရင်းကနေ ဘာအတွက် အလှူ လုပ်တာလဲလို့
မေးလိုက်တော့ “ဆုံးသွားတဲ့ ကျမတို့ အဖေကို ရည်စူးပြီး လုပ်
တာ” … လို့ ပြောပြပါတယ်။ အလှူရှင်က ဆုံးသွားတဲ့ လူရဲ့
ဓါတ်ပုံကို ပြတော့ ကျနော့်မိတ်ဆွေလည်း အလှူမှာ ကျွေးတာကို
ဆက်တောင် မစားနိုင်တော့ပါ။ အလှူရှင် ပြလိုက်တဲ့ ဓါတ်ပုံထဲ
မှာ ရယ်မောနေသူက သူနဲ့ နေ့စဉ် လှေကားမှာ ဆုံနေကြ ဘကြီး။
နောက်နေ့ အလုပ်သွားတော့ လှေကားမှာ အဲဒီဘကြီးနဲ့ ထပ်ဆုံ
ပါသေးတယ်။ ရယ်မော ပြုံးပြပြီး သူ့ကို ကျော်တက်သွားတော့
အောက်ကို မဆင်းပဲနဲ့ အဲဒီဘကြီးနောက်ကို သူ လိုက်ကြည့်ပါ
တယ်။ သူ့အခန်းရှေ့ရောက်တော့ အဲဒီဘကြီးက သော့ခတ်ထား
တဲ့ သံတခါးနဲ့ အတွင်းက သစ်သားတံခါးကို အရိပ်လိုပဲ တိုးဝင်
သွားတာ သူ့မျက်စိနဲ့ သေသေချာချာကို မြင်လိုက်တယ်လို့ ပြောပြ
ပါတယ်။ အခန်းထဲမှာ ခြောက်တာ လန့်တာ မလုပ်ပေမယ့် နေ့စဉ်
လှေကား အတက်အဆင်းမှာ မြင်နေကြ တွေ့နေကြဆိုတော့
အခန်းစာချုပ် နှစ်ပြည့်တဲ့အထိ အောင့်အီးသည်းခံပြီး နေရတာပေါ့ …. 

သဘာဝလွန် တချို့ အဖြစ်အပျက်တွေက နားလည်ဖို့ မလွယ်ပါ။
လက်ရှိလူ့ဘ၀က ညီမကို မမြင်ရတဲ့ သရဲလိုလို တစ္ဆေလိုလို အကို
ဖြစ်သူက လိုက်ပြီး စောင့်ရှောက်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ သူ့
ညီမလေး ရှိတဲ့ မိသားစုကို ပုံစံအမျိုးမျိုးနဲ့ စောင့်ရှောက်လိုက်တာ
နောက်ပိတ်ဆုံး မလေးရှားနိုင်ငံကို တရားမ၀င် နယ်စပ်ဖြတ်ကျော်ဖို့
ကိစ္စမှာတောင် လိုက်ပြီး စောင့်ရှောက်ပေးတဲ့ “အကိုတော်” ဆိုတဲ့
ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါတယ်။ စိတ်ကူးယဉ် အဖြစ်အပျက်
မဟုတ်ပါဘူး။ အဲဒီ မမြင်ရတဲ့ “အကိုတော်” ဆိုတာနဲ့ နှစ်ယောက်
တည်း စကား အပြန်အလှန် ပြောဆိုတာကို မျက်ဝါးထင်ထင်
တွေ့ခဲ့ဘူးတဲ့ သူတွေ၊ သူတို့ မျက်စိရှေ့မှာ ပတ်စ်ပို့ မပါ၊ ဗီဇာ
မပါပဲ ၀င်သွားတာကို မြင်ခဲ့တဲ့သူတွေလည်း ရှိပါတယ် ….

ဒီ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ ဒီလောက်ပဲ ဖတ်ရှုပြီး အားလပ်
ရက်မှာ ပျော်ရွှင်ပါစေ မိတ်ဆွေတို့ရေ ….

CRD....ရေးသူ- စစ်ငြိမ်းဒီရေ

No comments:

Post a Comment