စာရေးသူ မန္တလေးမှာ ပထမဆုံး နေခဲ့သော ကျောင်းသည် ဖိုးသူတော်များ ရှိနေပါသေးသည်၊ တွေ့ရခဲသော အစဉ်လာလေးတစ်ခုပါ၊ ထိုကျောင်းတိုက်သည်လည်း သုသာန်မြေကို စာသင်တိုက် တည်ထောင်ထားသော ကျောင်းတိုက်တစ်တိုက်ဖြစ်သည်၊ ထိုကျောင်းမှာ သရက်ပင်များက နာမည်ကြီးလှသည်၊ ထိုကျောင်းတိုက်သည် မိသားစု စိတ်ဓာတ်ဖြင့်တည်ထောင်ထားသော ကျောင်းတိုက်ဖြစ်သည်၊ ကျောင်းတိုက်ထဲမှာ ရှိသော အသီးများကို မည်သူမျှ ဆွတ်မစားရပါ၊ ဆွတ်စားလျှင် ကျောင်းတိုက်မှ နှင်ဒဏ်ဖြစ်သည်၊ မနှင်ခဲ့လျှင်လည်း ကြီးလေးသော ကြိမ်ဒဏ်ပေးခံရသည်၊ သစ်သီးများကို ဆွတ်ပြီး အဆောင်လိုက် စာရင်းအလိုက် ဝေပေးသည်လေ၊ ညတစ်ညပေါ့၊ ထိုညက မိုးသည်းစွာ ရွာထားသည်၊ မိုးတိတ်ချိန်သည် ည ၃း၀၀ နာရီလောက်ဖြစ်သည်၊ ကိုရင်တစ်ပါးသည် အပေါ့စွန့်ချင်သဖြင့် ထပြီး အပေါ့စွန့် သည်၊
ပြီးလျှင် နာရီကို ကြည့်လိုက်သည်၊ ခု ၃း၁၅ ရှိနေပြီ၊ မနက်စောစောထပြီး တံမြက်စည်းလှဲရ ချိန်က ၄း၀၀ နာရီ၊ ကိုရင့်စိတ်ထဲမှာ နေ့ခင်းက မြင်ထားသော သရက်သီးများကို သွားသတိရလိုက်သည်၊ “ အင်း ဟုတ်ပြီ ၊ ငါ ပြန်မအိပ်တော့ဘူး၊ နေ့ခင်းက မြင်ခဲ့တဲ့ သရက်သီးကို ဆွတ်လိုက်မယ်၊ ငါ သရက်သီးဆွတ်ပြီးချိန်နဲ့ ၄း၀၀ နဲ့ ကွတ်တိပဲ၊ ပြီးရင် ငါတာဝန်ကျတဲ့နေရာမှာ တံမြက်စည်းလှဲလိုက်မယ် ” ဟု တွေးကာ ကျောင်းအောက်မှ တံမြက်စည်းကို ထမ်းပြီး သရက်ပင်ဆီသို့ ခြေဦးတည်သည်၊ အင်း “ စည်းကမ်းထုတ်သည်ဆိုတာ ကောင်းသူတွေချည်းဖြစ်ဘို့ မဟုတ်ပါ၊ ဆိုးသူတွေကို ဆိုးကျိုးမတွေ့အောင် ကာကွယ်ဘို့လည်း ပါသည်၊ မိခင်တစ်ယောက်တည်းက မွေးတဲ့ သားသမီးတွေတောင် အဆိုးရော အကောင်းရော ရောနေသေးလျှင် မိခင်များစွာက မွေးဖွားထားသော သံဃာများစွာအတွက် အထူးပြောစရာမလို ” ဟု ထင်ပါသည်နော်။
သူသရက်ပင်ပေါ် တက်ဘို့ ဟိုကြည့် သည်ကြည့်နဲ့ အချိန်တော်တော်ယူလိုက်ရသည်၊ အခြေအနေ ကောင်းသည်နဲ့ သူတက်တော့သည်၊ မိုးရွာထားသဖြင့် သရက်ပင်က ချော်နေသည်၊ သို့သော်လည်း ရသတဏှာ၏ ဆွဲအားက ပြင်းထန်လွန်းသည်၊ ကိုရင်မှာ ထိုရသတဏှာ၏ ဆွဲအားကို မတွန်းလှန်နိုင်သဖြင့် ကြိုးစားတက်သည်၊ အပေါ်ရောက်တော့ သရက်သီးများကို ဆွတ်သည်၊ ခူးသည်၊ ၀မ်းသာကြည်နူးလို့ မဆုံးပေါ့၊ သရက်သီးတစ်လုံး၊ ဟိုဘက်က သစ်ကိုင်းမှာ၊ ထိုအသီးကို ခူးချင်သည်၊ ထိုအသီး ခူးပြီးရင်တော့ တော်ပြီပေါ့၊ ထိုသစ်ကိုင်းကို ကူးဘို့အလုပ်မှာပဲ ကိုရင်ပြုတ်ကျသွားသည်၊ ကံဆိုးသွားရှာသည်၊ ကိုရင်ပြုတ်ကျချိန်မှာ (၄) နာရီ ထိုးခါနီး အချိန်ဖြစ်သည်၊ တံမြက်လှဲဘို့ အခြားသောကိုရင်များ ထကုန်ကြပါပြီ၊ “ ၀ုန်း ၀ုန်း ဗြောင်း ဗိုင်း ” ဟူသော အသံကြားသဖြင့် ကိုရင်များက အုန်းသီးကြွေကြ သည်ဟု ထင်ကြသည်၊ သူသူ ငါငါ အပြေးအလွား ပြေးကြသည်၊ သူ့ဘာသာ ကြွေကြသော အသီးဆိုလျှင် ကောက်စားခွင့် ရှိသည်လေ။
ကိုရင်လေးများ အထင်နဲ့ အမြင်လွဲသွားတော့သည်၊ သူတို့မြင်လိုက်ရတာက အုန်းသီးမဟုတ်ပါ၊ ကိုရင်တစ်ပါး သာဖြစ်သည်၊ ခေါ်လို့လည်း မရတော့ပါ၊ ကိုရင်များလည်း အလန့်တကြားဖြစ်ပြီး အဆောင်ဘုန်းကြီးများကို ပြောရတော့သည်၊ အဆောင်ဘုန်းကြီးများရောက်လာပြီး
ခု ပြောမယ့် ဖြစ်ရပ်က ထိုသရက်ပင်နဲ့ ဖိုးသူတော်တွေနေတဲ့ ကျောင်းဆောင် အကြားမှာပါ၊ တစ်နေ့ ည (၉)နာရီ စာအံကျောင်းဆင်းချိန်၊ ဖိုးသူတော် အကြီးဆုံး၊ အသက်က ၉ နှစ်လောက်ရှိမည်၊ ထိုအချိန်က စာရေးသူ အသက်က (၁၄)၊ ဖိုးသူတော်လေးက ပအိုးဝ်တိုင်းရင်းသားလေးပါ၊ ဖိုးသူတော်လေးများသည် ထိုညက စာအံကျောင်း ဆင်းပြီး တူတူပုန်းတမ်းကစားကြသည်၊ ကစားပြီး သူတို့အဆောင်ဘုန်းကြီးက အဆောင်စာရင်းစစ်သည်၊ ထိုအခါ ဖိုးသူတော် အကြီး မပါပါ၊ ထို့ကြောင့် ကျောင်းပြင်ခိုးထွက်သွားတာလား ဘာလားညာလားဆိုပြီး စိတ်ပူကြရသည်၊ ထိုသတင်းက ပျံ့သွားသည်၊ ထိုသတင်း အထက်အုပ်ချုပ်ရေးမှူးဆီ မရောက်ခင် ၀ိုင်းရှာကြ သည်၊ ဘယ်လိုမှ ရှာမရ၊ အားလုံး စိတ်သောကရောက်ကြရသည်၊ ဒါနဲ့ အုပ်ချုပ်ရေးမှူးသို့ သတင်းပို့လိုက် သည်၊ အုပ်ချုပ်ရေးမှူးရောက်လာသည်၊ သူကိုယ်တိုင် စာရင်းပြန်စစ်သည်၊ မပါပါ၊ ကဲ -- နှင်လိုက်ကြောင်း အများသိအောင် ပြောပြီး အုပ်ချုပ်ရေးမှူးပြန်သွားသည်။
အုပ်ချုပ်ရေးမှူးလည်း ကျောင်းဆောင်ရှေ့ မိန်းလမ်းရောက်တော့ ပလက်ဖောင်းဘေးက အုန်းပင်ငယ်လေး အောက်မှာ ဖွေးဖွေး ဖွေးဖွေးနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာကို တွေ့လိုက်သည်၊ ဘာလဲလို့ အနီးကပ်ကြည့်လိုက်တော့ ဖိုးသူတော်၊ အုပ်ချုပ်ရေးမှူးရောက်နေတာကိုလည
တစ်နေ့ ညနေ (၇)နာရီ ထိုးကာနီးအချိန်မှာပါ၊ ပလောင် ဖိုးသူတော်လေး တစ်ပါးရှိသည်၊ သူသည် အတန်းမရှိသေးပါ၊ ငယ်လွန်းသေးသဖြင့် ဗမာစကားတတ်အောင်ကို မနည်းသင်ပေးနေရသည်၊ မပီမသ ပြောသည့်သူ့အသံလေးက ချစ်စရာကောင်းသည်၊ သူ့မှာ စာအံကျောင်းမရှိ၊ ဗမာစာ သင်တဲ့အခါပဲ စာတက်ရသည်၊ ကျန်တဲ့အချိန်မှာ သူ အားနေသည်၊ အားလုံးပဲ ည (၇)နာရီဆိုလျှင် စာအံကျောင်းတက်ရသည် (စာအံကျောင်းဆိုတာ ကိုယ်ကြိုက်တဲ့ စာကျက်ရသော အချိန်ဖြစ်သည်)၊ သံဃာများ အတန်းရှိ ဖိုးသူတော်များ စာအံကျောင်းသို့ သွားနေကြသည်၊ စာအံကျောင်းရောက်လျှင် တာဝန်ရှိဆရာမှ စာရင်းစစ်ရသည်၊ ဒါက နေ့စဉ်လုပ်နေကြပါ၊ ဒီနေ့ မလာသေးပါ၊ ဆရာ မရှိလို့လား ဘာလား ညာလားပေါ့၊ ဘယ်လာနိုင်မလဲဗျာ၊ တာဝန်ကျဆရာက အလုပ်ရှုပ်နေသည်လေ။
ဖိုးသူတော်လေးသည် ဗိုက်ဆာသဖြင့် ထမင်းစားဘို့ရန် ပန်းရံလက်သမားများနေသော ကျောင်းဆောင်သို့သွားသည်၊ ဖိုးသူတော်ကျောင်းဆောင်နဲ့ ပန်းရံတွေ လက်သမားတွေ အလုပ်လုပ် ချိန်အတွင်းနေသော ကျောင်းဆောင်သည် တော်တော်လေးလှမ်းပါသည်၊ ပန်းရံကျောင်းဆောင်သို့ မိန်းလမ်းကြီးမှ သွားလျှင် လမ်းသာသည်၊ သို့သော် တာဝန်ခံများ အဆောင်ရှေ့ မှ ဖြတ်သွားရမည်၊ ထို့ကြောင့် ဖိုးသူတော်လေးက ဖြတ်လမ်းဖြစ်သော အလယ်တိုက်ကြီး အနောက်ဘက်တည့်တည့် သရက်ပင်ကြီးအောက်မှ ဖြတ်သွားသည်၊ ကိုရင်တစ်ပါး လိမ့်ကျသော သရက်ပင်သည် အလယ်တိုက်ကြီး၏ အနောက်တောင်တောင့်မှာ ရှိသည်၊ ကျောင်းဝန်းထဲမှာ သရက်ပင်များ အုန်းပင်များ တရုတ်စကားပင်များ ခံသီးပင်များ သင်္ဘောဇီးပျိုသီးပင်များ ဗန်ဒါပင်များ တရုတ်တည်ပင်များ များစွာရှိသည်၊ ဖိုးသူတော်လေး ပန်းရံကျောင်းဆောင်ရောက်တော့ ထမင်းကျန်သေးလားလို့ မပီကလာ အသံဝဲလေးနဲ့ မေးသည်၊ မရှိတော့ကြောင်း ပန်းရံကျောင်းဆောင်မှ လူများက ပြောသည်၊ ဖိုးသူတော်လေးမှာ စိတ်ညက်ညက်နဲ့ (ညစ် - သည် ညစ်ပတ်ပေလျှံနေတာကို ဆိုလိုသည်၊ ညက် - သည် ကြေညက်နေသည်ကို ဆိုလိုသည်) ပြန်လာသည်၊ ဗိုက်ဆာနေသဖြင့် စိတ်ဓာတ် တွေ ကြေညက်နေသည်လေ။
ယနေ့ စာအံကျောင်းတာဝန်ခံဆရာဆီကို အခြားအဆောင်မှ ဆရာတစ်ယောက် ရောက်နေသည်၊ စာအံကျောင်းတာဝန်ခံဆရာသည် (၇) နာရီထိုးလျှင် စာအံကျောင်းစစ်ရမည်ကို သိသဖြင့် အခြားအဆောင် မှ ဆရာလည်း (၇)နာရီထိုးသဖြင့် ပြန်သွားသည်၊ သူ့အဆောင်ကို အလယ်တိုက်ကြီး အနောက်ဘက် တည့်တည့် သရက်ပင်အောင်မှ ဖြတ်ပြန်သည်၊ သရက်ပင်အောက်ရောက်ရော သရက်ပင်ပေါ်မှာ စကား ပြောသံ ရယ်သံကို ကြားနေရသည်၊ ပြီးတော့ ပိတ်စ ဖြူဖြူလေးကိုလည်း တွေ့ရသည်၊ မှောင်မဲနေသဖြင့် ကွဲကွဲပြားပြားမသိရ၊ ထို့ကြောင့် စာအံကျောင်းတာဝန်ခံ ဆရာဆီပြန်သွားသည်၊ စာအံကျောင်းတာဝန်ခံ ဆရာမှာလည်း စာအံကျောင်းသွားဘို့ ထွက်လာသည်၊ သူတို့တွေ့တော့ အဖြစ်အပျက်ကို ပြောပြသည်၊ ထိုအခါ စာအံကျောင်းတာဝန်ခံဆရာက “ ဟုတ်လား ၊ နေဦးဟ၊ လက်နှိပ်မီးယူခဲ့ဦးမယ် ” ဆိုပြီး လက်နှိပ်မီး ယူကာ သွားကြသည်။
သရက်ပင်အောက်ရောက်တော့ ခဏရပ်ပြီး နားထောင်ကြည့်လိုက်ကြသည်၊ ဟုတ်သည် စကားပြောသံရော ရယ်သံရော ကြားနေရသည်၊ သေချာနေသည်မို့ လက်နှိပ်မီးနဲ့ ထိုးကြည့်လိုက်သည်၊ သရက်ပင် ခွကြားမှာပါ၊ ဖိုးသူတော်လေး တခိတခိနဲ့ရယ်နေသည်၊ စကားပြောသံ မကြားရတော့ပါ၊ ခဏကြာကြာ ရပ်ကြည့်ပြီး အနီးနားမှ သစ်ငုတ်တို တစ်ခုကို မ သည် ၊ သရက်ပင်ခွက လူတစ်ရပ်ထက်ပိုမြင့်နေသည်လေ၊ ပြီးလျှင် တစ်ယောက်က လက်နှိပ်မီးနဲ့ထိုးထားပြီး တစ်ယောက်က ဖိုးသူတော်ကို အောက်သို့ ချရသည်၊ ပြီးတော့ ဖိုးသူတော်လေးကို “ ဘာလုပ်နေတာ သရက်ပင်ပေါ်တက်ပြီး၊ ဘာလို့ရယ်နေတာလဲ၊ ဘယ်သူနဲ့ စကားပြောနေတာလဲ ” လို့ မေးကြသည်၊ ထိုအခါ ဖိုးသူတော်လေးက “ ဆံပင်ရှည်ရှည်နဲ့ မိန်းမတစ်ယောက်က ခေါ်သွားတယ်၊ သူက ထမင်း စားမလား မေးတယ်၊ သူက ကပြတယ်၊ ယားအောင် ကလိထိုးတယ် ” လို့ ပြောပြသည်၊ ဖိုးသူတော်လေး ပြောတဲ့အသံလေးက ခုစာရေးသလိုမဟုတ်ပါ၊ စာရေးမည့်အစား သူ့အသံဖိုင်လေးသာ ထည့်ပေးလိုက်ချင်တာ၊ သို့သော်လည်း ဆန္ဒသာ ရှိသည်လေ၊ ထိုညက စာအံကျောင်းတာဝန်ခံဆရာတော်မှ စာရင်းလာ စစ်တော့ အဖြစ်အပျက်အားလုံးကို ပြောပြသည်၊ ကျောင်းတိုက်ထဲမှာ ဥစ္စာစောင့်များ များစွာ ရှိကြောင်း အစောင့်များ များစွာရှိကြောင်း ပြောပြသည်၊ ပြီးတော့ မရိုမသေ မလေးမစားနဲ့ သစ်ပင်ရင်းမှာ အကြီး အပေါ့ စွန့်တာတွေ မလုပ်ကြဘို့၊ ဆဲရေးတိုင်းထွာတာတွေမလုပ်ကြဘို့
ကဲ ဒီလောက်ဖတ်ပြီးရင်တော့ ဥစ္စာစောင့်များ ရှိကြောင်းကို ယုံသင့်/ မယုံသင့် စာဖတ်သူများကိုယ်တိုင်သာ သုံးသပ်ကြည့်ပါနော်၊ စာရေးသူကတော့ ယုံဘို့ပြောသည် မဟုတ်ပါ၊ စာရေးသူ စိတ်ဝင်စားသော အဖြစ်အပျက် အမှန်များကိုသာ ရေးသားတင်ပြခြင်းဖြစ်သည်၊ ဥစ္စာစောင့်ဖြစ်ခြင်းသည် ခုနောက်ပိုင်း ခေတ်မှာတော့ တော်တော်လေးကို ရှားလိမ့်မည်ဟု ထင်ပါသည်၊ ဘာကြောင့်လဲဆိုတော့ မြေအောင်မှာ သိုမှီး သိမ်းဆည်းထားသော ဥစ္စာ ရွှေအိုးငွေအိုး ရွှေထုပ် ငွေထုပ်များ မရှိတော့သောကြောင့်ဖြစ်သည်၊ ရှေးခေတ်ကာလက လူများသည် သူတို့ပိုင်ဆိုင်သော ရွှေငွေ ရတနာများကို မြေအောက်မှာ တွင်းတူးပြီး သိမ်းဆည်းထားကြသည်၊ ရန်ကင်းအောင်ဟု သဘောပိုက်ကာ ထိုသို့ထားကြခြင်းဖြစ်သည်၊ ထိုလူများ အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားသောအခါ သူတို့သိမ်းဆည်းထားသော ရွှေငွေရတနာများကို စွဲလန်းပြီး ထိုဥစ္စာများကို စောင့်ရှောက်နေရသူများ ဖြစ်သွားကြသည်၊ ထိုသို့သောသူများကို ဥစ္စာစောင့်ဟု ခေါ်ကြသည်၊ ဥစ္စာစောင့်သည်လည်း ၀ိနိပါတိကနတ်မျိုးပင်ဖြစ်သည်၊ ကမ္မဇိဒ္ဓိ (ရှေးကံကြောင့်ဖြစ်သော တန်းခိုးစွမ်းအင်) တော့ ရှိသည်။
crd....moeein2
No comments:
Post a Comment