စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Thursday, March 20, 2014

်ဖြစ်ရပ်မှန်လေးပါ ။ အားပေးကြပါအုံး....

ိ ကျနော် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေး တစ်ခုပါ……
ကျနော်က အသောက်အစားတာ မရှိတာဗျ အလောင်းကစားတော့ တော်တော် ဝါသနာပါတာ …ကျနော်တို့စီက နှမ်းသိမ်းချိန်ဆို နှမ်းပင်တွေကို တောထဲမှာပဲထားပြီး ညဆို သွားစောင့်ရတယ်ဗျ ……တစ်နေ့ ကျနော်ရယ် အိမ်က ငှားထားတဲ့ လူ နှစ်ယောက်ရယ် နှမ်းထောင်စောင့်ဖို့ ဆိုပြီး ညနေ မိုးချုပ်တော့ ယာထဲကိုသွားတာပေါ့ ယာက
ရွာရဲ့ အနောက်ဘက်မှာရှိတော့ င်္သချိုင်းကုန်းကို ဖြတ်ရတယ်လေ……င်္သချိုင်းကုန်းလွန်တော့ ကျနော့ သူငယ်ချင်းနဲ့ တွေ့တယ်ဗျ သူက ကျနော့ကို "ဟာ မင်းနှမ်းထောင့်စောင့် သွားမလို့လား ဒီနေ့ရွာထဲမှာ ဝိုင်းကောင်းမှာကွ " လို့ပြောတယ် ကျနော်လဲ သေချာလို့လားကွာဆိုပြီး ပြန်မေးမိတာပေါ့ "အင်း သေချာတယ် ဟိုဘက်ရွာက ကောင်တွေလာမှာ " လို့ပြောတော့ Ok ကောင်းပြီ ည ငါလာခဲ့မယ် ပြောလိုက်တယ် အဲဒီလိုနဲ့ ယာထဲရောက်တော့ လျှောက်ပတ်ကြည့် မီးလေးဖို ပါလာတဲ့ နှစ်ယောက်ကို ခင်ဗျားတို့ သတိဝိရိယနဲ့ အိပ့်ကြဗျာ ကျနော် ရွာထဲ သွားအုံးမယ်ဗျာဆိုပြီး မှာခဲ့တယ် ကျနော်လဲ ရွာထဲ ပြန်လာခဲ့တယ်ပေါ့ အဲဒီမှာ အခုန ပြောတဲ့ င်္သချိုင်းနားရောက်တော့ "ရွာထဲ ဖဲသွားရိုက်မလို့ မဟုတ်လား မင်း အနိုင်ရအောင် ငါ ကူညီမယ် မင်းနိုင်ခဲ့ရင်သာ ငါ့ကို အမဲသား ၁ ပိဿာကျွေး"လို့ ဆိုပြီး မိန်းမကြီးတစ်ယောက် လာပြောတယ် ကျနော်လဲ သရဲမကြောက်ဘူးဆိုပေမယ့် ထိပ်တိုက်တွေ့တော့ နဲနဲတော့ ကျောချမ်းသွားတာပေါ့ ခင်ဗျား ကျနော့ကို နိုင်အောင် ကူညီမယ်ဆိုရင် ခင်ဗျားပြောတဲ့ အမဲသား ၁ ပိဿာ ကျနော်ကျွေးပါ့မယ်ဗျာလို့ ပြောတယ် "အေး ကောင်းပြီ ဒီဟာလေး အိပ်ကပ်ထဲ ဆောင်သွား ဒါပေမယ့် မနက် ၄ နာရီ မထိုးခင် မင်း ဒီအဆောင်လေးကို ဒီနေရာ ရောက်အောင် ပြန်ပို့ "လို့ ပြောတယ်ဗျ ကျနော်လဲ အရင်ရက်က ရှုံးထားတာဆိုတော့ ဒီနေ့တော့ နိုင်ရချည့်သေးရဲ့ ဆိုပြီး ပျော်နေတာပေါ့ဗျာ ဒါနဲ့ ခက်သွက်သွက်ပဲ ရွာထဲကို ရောက်လာခဲ့တယ်
ရွာထဲရောက်တော့ ဖဲဝိုင်းက စနေပြီလေ လေးအိမ်ပဲ ဆော့နေကျတာ ကျနော်လဲ ဝင်လို့ရတယ် မဟုတ်လားမေးတော့ ရတယ် ဆိုတာနဲ့ စကားလိုက်တာပေါ့ အခုနပြောလိုက်တဲ့ မိန်းမပေးတဲ့ အဆောင်လေး ကြောင့်ပဲလား ကျနော့် ဖဲကကို ကောင်းလို့ လား မသိဘူးဗျာ ကျနော် တော်တော်နိုင်နေပြီ ဒါနဲ့ လက်မှာပါတ်ထားတဲ့ နာရီကြည့်တော့ ၃ နာရီ ကျနော်လဲ ၄ နာရီ အရောက်ပြန်ရမှာ ဆိုတော့ ကျနော့နေရာကို လူတစ်ယောက် အစားထိုးပြီး ကျနော် ဟာထဲသွားရအုံးမယ်ဆိုပြီး ပြန်ထလာခဲ့တယ် င်္သချိုင်းကုန်းရောက်တော့ ၄ နာရီထိုးဖို့ ၁၅ မိနစ်လို သေးတာနဲ့ ဒီမှာ ခင်ဗျားပေးလိုက်တဲ့ အဆောင် ကျနော် ပြန်လာပေးတာ ကျနော်နိုင်ခဲ့တယ် မနက်ဖန်ညနေ ခင်ဗျားတောင်းတဲ့ အမဲသား ၁ ပိဿာ ကျနော်လာကျွေးမယ်လို့ ပြန်ပြောခဲ့တယ်
အဲဒီမှာ အခုနကမိန်းမကြီးပဲ "မင်း ကတိတည်ပါစေနော်" တဲ့ ကျနော်ကလဲ" စိတ်ချပါဗျ "လို့ ပြန်ပြောလိုက်တယ် အဲဒီလိုနဲ့ ယာထဲ ပြန်ရောက်တော့ ဟိုလူနှစ်ယောက် နိုးနေတာနဲ့ င်္သချိုင်းက မိန်းမကြီးနဲ့ တွေ့ပြီး ဖဲနိုင်လာခဲ့ ပုံပြောတော့ သူတို့ကြောက်ပြီး နောက်နေ့လိုက် မအိပ့်ရဲလို့ နောက်နေ့ ကျနော် ခင်ခင်တို့နဲ့ အတူ အိပ့်မှာပါဗျာ ဘယ်မှ မသွားတော့ ပါဘူးလို့ တော်တော် ပြော ယူရတယ်။ အခုန မိန်းမကြီးပြောတဲ့ အမဲသား ၁ ပိဿာလဲ ကျနော် သွားကျွေးခဲ့ပါတယ် နောက်တော့ ကျနော့ အကြောင်းတွေ ရွာထဲက ဖဲသမားတွေ သိပြီး ကျနော်နဲ့ ဖဲရိုက်ရမှာ ကြောက်နေတယ် ဗျို့
အမှားပါရင် ပြင်ဖတ်ပေးစေချင်ပါတယ် ခင်ဗျာ

No comments:

Post a Comment