မိုးတွေ သဲကြီးမဲကြီးရွာတဲ့တစ်နေ့မှာပေါ
မိုးကာလေးဝတ်စက်ဘီးလေး စီးပြီး ရွာလမ်းလေးအတိုင်း ဝင်လာခဲ့တယ်။ စိတ်ထဲက "မိုးရွာတဲ့နေမှ ဘာဖြစ်လို့နောက်ကျရတာလဲ "
ဆိုပြီးအတွေးနဲ့ နင်းလာတုန်း
ကံဆိုးစွာနဲ့ စက်ဘီးက ဘီးပေါက်သွားတယ်။
"ဟာ ကွာ အရင်လိုအရနှေးတယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ် " လို့ တစ်ယောက်တည်းရေရွတ်ပြီး စက်ဘီးကို ဆင်းတွန်းရတော့တာပေါ့ ။
ရွာထိပ်က နာမည်ကြီး သရက်ပင် ကြီးနားအရောက် မိုးကတိတ်သွားခဲ့တယ်။ အဲ့အချိန်မှာ အနောက်ကခြေသံလား မိုးရေသံလားတော့မသိဘူး အသံတစ်ခုကြားလိုက်ရတယ်။
ကြက်သီးမွေးပါထပြီး ခြေလှမ်းကို ခက်သွက်သွက်လေး လျှောက်လိုက်တယ်။ သေချာနားထောင်ကြည့်တော့ ခြေသံမှ ခြေသံ အစစ် ၊
လှည့်တော့ ကြည့်မရဲဘူး ၊ တစ်ကယ်လို့များ သရဲဖြစ်နေရင် အဲ့နေရာမှာတင် ဂန့်ပြီ ၊ မြန်သထက်မြန်အောင်လျှောက်တယ်၊ အနောက်ကလဲ ထပ်ကြပ်မကွာ လိုက်လာတယ်။ ကျနော က မထူးတော့ဘူးဆိုပြီး တုံ့ကနဲ ရပ်လိုက်တယ်။ သူလဲ ရပ်သွားတယ်။ ကျနော် ရှေ့တစ်လှမ်းတိုးကြည့်တယ်။ သူလဲ တစ်လှမ်းတိုးတဲ့ အသံကြားရတယ်။ ဆက်တိုးတယ် ။သူလဲ လိုက်တိုးလာတယ်။ ဒါနဲ့ ကျနော် လှည့်မကြည့်ပဲ စက်ဘီးပစ်ချပြီး ပြေးတာ တစ်ချိုးထဲပဲ ....
ပြေးတာ အတော်ကြာတော့ လူလဲ မောလာပြီ ၊ တစ်ကယ်တန်းဆို ဒီလောက်ပြေးပုံနဲ့ ဆိုအိမ်ရောက်ပြီ ။သေချာ ပြန်ကြည့်တော့ သရက်ပင်အောက်မှာပဲ ရှိသေးတယ်။ ကျနော် နှလုံးသွေးတွေ ရပ်မတတ်ပဲ ၊
ဇွဲမလျော့ဘူး ထက်ပြေးတယ်။ပြေးရင်းပြန်ကြည့်တေ
"ဒီဘက်ကို လှည့်စမ်းတဲ့ "
ကျနော် တစ်ကိုယ်လုံးတုန်နေခဲ့တယ် ၊ဖြည်ဖြည် ချင်းလှည့်ကြည့်တော့ ခေါင်းမပါဘူးဗျာ လက်တစ်ဖက်က ကျနော့် ပုခုံးကို ကိုင်ထားတယ် ။ လက်တစ်ဖက်က ခေါင်းကြီးကို ဆံပင်ကနေဆွဲထားတယ် ။ဇာတ်ကားထဲက အတိုင်းပဲလေ ...ခေါင်းကြီးဆွဲပြီး ။ ကျနော ကြည့်ပြီး " အား " ကနဲ တစ်ချက်အော်ပြီး မေ့သွားတယ်။ မိုးလင်းတော့ အိမ်ရောက်နေပြီ ။ အိပ်ယာနိုးတော့ ကျနော့ကို အံဩတဲ့ မျက်လုံးတွေနဲ့ ဝိုင်းပြီးကြည့်နေကြတယ်။ ကျနော်က ဘာတွေ ဖြစ်လဲလို့မေးကြည့်တော့ အမေက
"နင် သတိလစ်နေတာ ဒါနဲ့ ဆို လေးရက်ရှိပြီ မသေကောင်း မပျောက်ကောင်း ၊ အဲ့နေ့က နင့်ကို ရွာထဲက လူတွေ တွေ့လို့ လာပြန်ပို့ပေလို့ပေါ့ ။
မဟုတ်ရင်တော့ ဘာဖြစ်မလဲ မသိတော့ဘူး "
တဲ့.....
ကျနော် အရမ်းကြောက်နေမိတယ်။ခုထိ မေ့မရတဲ့ နေလေးတစ်နေ့ဆိုလည်း မမှာပါဘူး ။
အားလုံးကို လေးစားစွာဖြစ်...
#သရဲလေး...sky#
No comments:
Post a Comment