စပ်မိစပ်ရာကွိစိကွစ
မူလစာမျက်နှာ     သရဲအကြောင်း     ဆော့ဝဲများ      ဟာသများ      သေမင်းစာအုပ်     နည်းပညာ             ကဗျာ                 ဝတ္တု                 ဗေဒင်        
လာရောက်လည်ပတ်ကြသောမိတ်ဆွေမျာ ကျန်းမာချမ်းသာကြပါစေလို့ ကျနော် admin မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ နောက်နေ့လဲ လာလည်နော် အသစ်အသစ် တွေဖန်တီးဖော်ပြပေးနေပါတယ် တစ်ခြားဆိုဒ်မှ ကူးယူဖော်ပြသည်များလည်းရှိပါတယ် ပိုင်ရှင်များကိုလည်း ဒီကနေ ခွင့်တောင်းလိုက်ပါတယ်

Friday, March 14, 2014

* ဘီလူး အညှိုး * •~•~•~•~•~•~•အိုးစူး~•~•

* ဘီလူး အညှိုး * •~•~•~•~•~•~•အိုးစူး~•~•









အမဲသား တစ်ပွက်လန် စားချင်တာ
တဲ့  ။
မငြိမ်းအေး ချဉ်ချင်းတပ်ပုံကကြော
ချမ်း ကြက်သီးထစရာကြီး။
ည ညဆိုလဲ ရှိသမျှ အိုးခွက် ပန်း
ကန် လှန်ပြီး အကပ် အသပ် ဆီနှစ်
မကျန်အောင် ထ ထစားတာ ဗိုက်
ပြည့် တယ်မရှိဘူး။ အမြဲဆာနေတဲ့ 
မငြိမ်းအေး အရင် ဒီကိုယ်ဝန်မစွဲခင်
က ကြောင်စာ ကြွက်စာ တို့ ကနန်း
ဆိတ်ကနန်းစားတာ။အစားကလဲ
ရွေးသေး ခြေလေးချောင်းသားမို့ 
ငါးအကောင်ကြီးလို့ နဲ့ ။


ဒါက တတိယမြောက် ကိုယ်ဝန်ပါ။
ကြာတော့ ကိုချစ်စိန် သံသယရှိ
လာတယ်။
သူစားနေသောက်နေပုံနဲ့ ခြံစောင့် 
လခက တစ်ဈေးငါးရက်တောင်မခံ
ဘူး။

မစားရမသောက်ရ ရင်လဲ မျက်ထောင့် နီကြီးနဲ့ အံကြိတ်နေ
တာ သွားကြိတ်သံ တစ်ကျွိကျွိ နဲ့ 
နဂိုကမှ ရူပါရုံက ဆံပင်ပါးပါး ကျိုး
တိုးကျဲတဲ နဖူး မောက်မောက်ကသ
ပိတ်ရောင် မျက်လုံးပြူး မျက်တွင်း
နက်နက် ကွမ်းစားထားတဲ့ သွားမဲ
မဲနှစ်ချောင်းက ငေါထွက်နေ သေး။
ဗိုက်ကလွဲရင် အရိုးပေါ် အရေတင်
ခန္ဓာကိုယ်ကို ဆောင့် ကြောင့် ထိုင်
လို့ ညအခါ ရေနံဆီ မီးခွက် မီး
ရောင်အောက်မှာ ဗိုက်ဆာလို့ ဒေါ
သထွက်နေတာ စာဖတ်သူတွေကို
ပြချင်တယ်။
ခြံရှင်သူငှေး ပို့ ထားတဲ့ တစ်လစာ
ငပိ ငါးခြောက် ကြက်သွန် အာလူး
တွေလဲ သုံးလေးရက်နဲ့ ပြောင်ရော။
ချောင်းထဲက ငါးလေး ဖားလေး
တောထဲက ယုန် ဖွတ် ပဒတ်တွေ
လည်း မျိုးတုံးတော့ မယ်။
ကလေးနှစ်ယောက် ကိုတော့ အရိုး
အရင်းတောင် မသဒ္ဒါ ချင်သူ။
သူ့ မှာစားနေတုံးတောင် နောက်
ထပ်စားဖို့ အစာကို ပါးစပ်ကတစ်
တွတ်တွတ် ရွှတ်ပြီး ညွန်ကြားနေ
တာ မြင်ပျင်းကပ်စရာ ကောင်းလှ
တယ်။
ကိုယ်သားမယားပဲ ဘယ်မကျွေး
ချင်ရှိပါ့ မလဲ။လွန်လွန်းအားကြီး
လာတော့ ဟိုလူပြောမိ ဒီလူရင်ဖွင့် 
မိတာနဲ့ သူတို့ အကြံပေးတဲ့ဆရာဦး
စောလွင်ဆီရောက်ခဲ့တယ်။ဆရာကဒူးခေါင်းနှစ်လုံးကြားထဲခေါင်း
သွင်းကွမ်းညပ်သေးသေးလေးနဲ့ 
ကွမ်းသီးစိပ်နေရာက မော့် တောင်
မကြည့် ပါဘူး
" မင်းမိန်းမ မြေဖုတ်ဘီလူးကိုင်တာ'
ခြံရဲ့ အနောက်တောင်ဒေါင့် မှာရှိ
တဲ့ တောင်ပို့ ကြီးမှာ ဘာများမရိုမ
သေသွားလုပ်ပြန်ပြီလဲ သွား ငါ့ ခြံ
ထဲကသစ်တော့ ပင်အောက်မှာ
ပေါက်နေတဲ့ အရွက်ချွန်ချွန်အမွှေး
ထူထူနဲ့ အရွက်၇ရွက်ခူးခဲ့ "
လို့ ဆိုပါတယ်။
အရွက်တွေရတော့ ဒူးလေးတုပ်လို့ 
ဘုရားစင်ရှေ့ မှာမန်းမှုတ်ပြီး ဆေး
အိတ်ထဲက နီညိုရောင်ဆေးတောင့်
လေးတစ်တောင့်ပါပေးလိုက်သေး။
ခုနှစ်ရက်တိတိလာယူဖို့ လည်းမှာ
လိုက်ပါတယ်။
ခြံရောက်တော့ဆရာမှာတဲ့ အတိုင်း
အရွက်ပြုတ်ရည်နဲ့ ဆေးတောင့်ကို
ရောကြိတ် အစားကောင်းကျွေး
မယ်ချော့ ပြောပြီး တိုက်လိုက်တာ
မကြာဘူး လူးလိမ့် အော်ဟစ်ပြီး
ရင်ပူလှပါပြီ သေရချည်ရဲ့ နဲ့ ကြမ်း
ပါတော့တယ်။ လိမ္မော်သီး ဆွတ်တဲ့
အလုပ်သမားလေးငါးယောက်ခေါ်
ဝိုင်းချုပ်တာ ဒီလောက်ဗလ သေး
သေး မငြိမ်းအေးကိုမနိုင်ဘူးဗျာ။
အတော်လေးကြာအောင် နဘန်းပွဲ
ကျင်းပကြပြီးမှ ချွေးသံတရွှဲနဲ့ အိပ်
ပျော်သွားရှာတယ်။ကျန်တဲ့လူတွေ
လဲပက်လက်လန်ရော။သူငှေးမလာ
ခင်ကိုယ့်အလုပ်ကိုယ်ပြေးလုပ်ကြ
ရသေး။
တစ်နေ့ အရွက်တစ်မျိုးနဲ့ ၇ရက်လဲ
ပြည့်ရော ညနေခင်းကြီး ဗိုက်နာ
တယ် ဗိုက်အောင့်တယ်ပြောလို့ ငဲ
အိုကိုရွာထဲလွှတ် ၀မ်းဆွဲဆရာမ
ပင့်ခေါ်ခိုင်းရတယ်။ဆရာမကလမှ
မစေ့သေးပဲမမွေးသေးပါဘူးပြော
တုံးရှိသေး ဖလွှတ် ဆို မဲမဲလုံးလုံး
ကြီးထွက်လာရော။လန့် ဖျန့် ထခုန်
မိတာလဲမပြောနဲ့ သွေးခဲတုံးကြီးကျ
နေတာပဲဗျာ။အကြောက်ပြေတော့
စိတ်ထဲကတောင် ဟိုဖက်ခြံက ညို
လုံးဆိုတဲ့ ကောင်နဲ့ မိန်းမကိုတောင်
တယ်မသင်္ကာချင်သလိုဖြစ်မိသေး။
သေချာကြည့် တော့ကလေးပေါက်
စလေးမှာ သွား ငုတ်တိုလေး ၎
ချောင်းပါသဗျ။မျက်ခွက်ကတော့မ
အေတူသားမို့ ထားပါတော့ကျုပ်
စိတ်ထဲ သရိုးသရီနဲ့ အရေးထဲ ငဲအို
ဆိုတဲ့ ကောင်က ကလေးအသေကို
လက်ညှိုးထိုးပြီး ဘီလူးညီလေး
ဘီလူးညီလေး နဲ့ ဘုမသိဘမသိ
ခေါ်နေသေး။
ညတွင်းခြင်းရွာသားတွေအကူအညီနဲ့ သင်္ချိုင်းမှာသွားမြှုတ်သင်္ဂြိုလ်
ပြီးပြန်လာ ရွာသားတွေပြန်လို့ အိပ်
မယ်လုပ်တော့ တဲပတ်ပတ်လည်
တက် တစ်ခေါက်ခေါက် နဲ့ လမ်း
လျှောက်နေတာ တစ်ညလုံးအိပ်မ
ရပါဘူး။ တူမီးသေနတ် နဲ့ ထပစ်
လိုက်မှ အိပ်ရတယ်ဗျာ။
ဒါတောင်အိပ်မက်ထဲလာပြီး
မင်း လက်ဦးသွားလို့ ပေါ့ ကွာ
ိဆိုပြီးလာကြိမ်းဝါးနေသေးသဗျ။
Ohe Sue Usoe.
(ဟုတ်တာမဟုတ်တာထား ဖတ်
ကောင်းရင် အိုးစူး ဖတ်မကောင်း
ရင် သူရဲညီနောင်သာ ပြောကြပါ
တော့းDးDးD။

No comments:

Post a Comment